• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် စားသုံးမှုနယ်ပယ်၌ ထောက်ပံ့မှုကို အားဖြည့်မည်

(GMT+08:00) 2016-10-25 09:07:57

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ရှိ ပုဂ္ဂိုလ်က၊ လက်ရှိအချိန်တွင် ကုန်ပစ္စည်း စားသုံးမှုသည် စီးပွါးရေး တွန်းအားပေးရေး နယ်ပယ်၌ အကျိုးသက်ရောက်မှု ထင်ရှားစွာ မြင့်တက် လာနေကြောင်း၊ သို့သော် အရည်အသွေးမြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အားနည်းနေသဖြင့် စားသုံးမှု တိုးများခြင်းကို ကန့်သတ် ချုပ်ခြယ်နေကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံသည် စားသုံးမှု နယ်ပယ်၌ စနစ်ဆိုင်ရာ အဟန့်အတားများကို အမြန်ဆုံး ဖယ်ပေးမည် ဖြစ်ပြီး ပိုမို များပြားသော ငွေရင်းများကို စားသုံးမှု၏ အားနည်းနယ်ပယ်များသို့ စီးဆင်းစေရန် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် အတွင်း တရုတ်ပြည်၌ ခရီးသွား ဦးရေမှာ သန်း ၆၀၀ နီးပါး ရှိပြီး ခရီးသွားလုပ်ငန်း ဝင်ငွေမှာ ယွမ် ဘီလီယံ ၅၀၀ ခန့် ရှိသည်။ တရုတ် ခရီးသွား ဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပုန်တေချင်က၊ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု အရှိန်ထိုး တိုးမြင့်လာပြီး ပြည်သူပြည်သားများ၏ ခရီးသွား နယ်ပယ်၌ သုံးငွေ ပမာဏလည်း လျင်မြန်စွာ တိုးများလာနေကြောင်း ပြောကြားသည်။

လွန်ခဲ့သည့်နှစ်များက ပြည်သူပြည်သားများ၏ ကုန်ပစ္စည်း စားသုံးမှုသည် တရုတ်ပြည် စီးပွါးရေး တိုးတက်မှုဆိုင်ရာ အရေးကြီး အင်ဂျင် တစ်ရပ် ဖြစ်လာနေသည်။ ယခုနှစ် ပထမ ၉ လ အတွင်း စားသုံးမှု၏ စီးပွါးရေး တိုးတက်မှုအတွက် အကျိုးပြုနှုန်းမှာ ၇၁ ရာခိုင်နှုန်း အထိ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၃့ ၃ ရာခိုင်နှုန်း တိုးများလာသည်။

မကြာမီက တရုတ်နိုင်ငံတော်ကောင်စီသည် ခရီးသွား၊ ယဉ်ကျေးမှု၊ အားကစားနှင့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး နယ်ပယ်၌ စားသုံးမှု တိုးချဲ့ရေး မူဝါဒကို ထုတ်ပြန်ခဲ့သည်။ တချိန်တည်းတွင် ကုန်စည်စီးဆင်းမှု အခြေခံ အဆောက်အအုံ ဆောက်လုပ်မှုကို အားဖြည့်ပြီး စားသုံးမှု ဈေးကွက်ပတ်ဝန်းကျင် တဆင့်တိုး ကောင်းမွန် စေရန် ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။

   Webradio