• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်ရေးသည် ဒေသတွင်း တည်ငြိမ်ရေး အတွက် အကျိုးရှိဟု အာဆီယံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များဆို

(GMT+08:00) 2016-10-24 15:22:30

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်သည် ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ နှစ်နိုင်ငံသည် ၂၁ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အပြန်အလှန် လေးစားရေး၊ ရိုးသားဖြူစင်မှုရှိရေး၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးမူများ၏ အခြေခံပေါ်တွင် တည်ဆောက်ထားသော နှစ်ဖက် ဆက်ဆံမှုကို တစ်ဆင့်တိုးတက်စေရန် သဘောတူကြကြောင်း၊ ယင်းသည် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး အတွက် အကျိုးရှိကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ်ပြည်သည် ဒူတာတယ် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် လှည့်လည်သည့် ပထမဆုံး အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံ ဖြစ်သည်။ အာဆီယံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်တွင် ရရှိသော အောင်မြင်မှုများသည် နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးမည့် အပြင်၊ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ကြောင်းလည်း ယူဆကြသည်။

စင်ကာပူ နန်ယန် ရုပဗေဒနှင့် အင်ဂျင်နီယာ တက္ကသိုလ် ရာဂျာရတ်နမ် နိုင်ငံတကာ ရေးရာ သုတေသန အကယ်ဒမီ ဒုပါမောက္ခ လီမင်ကျန်းက ယခုအကြိမ် ဒူတာတယ်၏ တရုတ်ပြည် ခရီးစဉ်တွင် တောင်ပင်လယ် အငြင်းပွားမှုကို ဘေးဖယ်ထားရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခြင်းသည် အလွန် ဥာဏ်ကောင်းသည့် ဆောင်ရွက်မှု ဖြစ်ပြီး နှစ်ဖက် အကြား ဆွေးနွေးခြင်းပြုလုပ်ရန်နှင့် ဆက်ဆံမှု ကောင်းမွန်စေရန် ကြိုတင်လိုအပ်ချက် လည်းဖြစ်ကြောင်း၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည် ပုံမှန်ပြန်ဖြစ်လာမည် ဖြစ်ကြောင်း ယူဆသည်ဟု ပြောကြားသည်။

လာအိုဝါရင့် သံတမန် အရာရှိ၊ တရုတ် နိုင်ငံဆိုင်ရာ လာအိုသံရုံး နိုင်ငံရေး သံမှူး ဟောင်း စွတ်သာဗီ ကိုလာက ယခုအကြိမ် ခရီးစဉ်တွင် အောင်မြင်မှု ရရှိခြင်းသည် တရုတ်နှင့် ဖိလစ်ပိုင် ဆက်ဆံမှု ကောင်းမွန်စေရန် နှစ်နိုင်ငံ ကြိုးပမ်းဆောင်ရွက်နေ ကြသည်ကို ဖော်ပြကြောင်း ပြောကြားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ခံ တတ်သိပညာရှင်များအဖွဲ့ ဖြစ်သည့် Institute of Strategic and International StudiesMISISဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်က တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု အနာဂတ်ရေး အပေါ် အကောင်းဘက်မှ မြင်ကြောင်း၊ တရုတ် -ဖိလစ်ပိုင် ဆက်ဆံမှု ကောင်းမွန်စေရေးသည် အာဆီယံ အတွက် ကောင်းမွန်ကြောင်း ပြောကြားသည်။

   Webradio