• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမ အကြိမ် စုံညီ အစည်းအဝေး ၂၄ ရက်နေ့တွင် ကျင်းပ

(GMT+08:00) 2016-10-24 10:21:31

၎ ရက်ကြာ ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမ အကြိမ် မျက်နှာစုံညီ အစည်းအးဝေးကို ၂၄ ရက်နေ့တွင် ပီကင်း၌ ဖွင့်လှစ်ရန် ဆုံးဖြတ်ပြီ ဖြစ်ပြီး ယခုအကြိမ် အစည်းအဝေးတွင် ပါတီရေးရာ ဘက်စုံ တင်းကျပ်စွာ ကြပ်မတ် စီမံရေး အကြောင်းကို လေ့လာဆွေးနွေးမည့်အပြင် တရုတ်ကွန်မြူနစ်ပါတီ ကြီးကျပ်ရေး စည်းမျဉ်းကိုလည်း ပြင်ဆင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း ရဲဘော် ရှီကျင့်ဖိန်က အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းဆောင်သော ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပါတီ တင်းကျပ်စွာ ကြပ်မတ် စီမံရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး နယ်ပယ်တွင် တိုးတက်အောင်မြင်မှုများကို ရရှိခဲ့သည်။ ရှီကျင့်ဖိန်က၊ ပါတီဝင် တစ်ရပ်လုံး အနေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း၏ ရေရှည်ဖြစ်မှု၊ ရှုပ်ထွေးပွေလီမှုနှင့် ခက်ခဲမှုများကို လေးနက်စွာ နားလည်သိရှိရပြီး ပါတီ သန့်စင်ရေးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။

   Webradio