• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်တာနက် အကြမ်းဖက်မှု တိုက်ဖျက်ရေး နှီးနှောဖလှယ်ပွဲ ပီကင်း၌ ကျင်းပ

(GMT+08:00) 2016-10-24 09:44:46

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဖိုရမ် မူဘောင်အတွင်း ဒုတိယ အကြိမ် အင်တာနက် အကြမ်းဖက်မှု တိုက်ဖျက်ရေး နှီးနှောဖလှယ်ပွဲကို မကြာမီက ပီကင်း၌ ကျင်းပခဲ့သည်။ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဖိုရမ် အဖွဲ့ဝင်နိုင်ငံများ၊ သက်ဆိုင်ရာ နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များ စုစုပေါင် လူ ၁၈၀ ခန့်တို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက် ခဲ့ကြသည်။ ဘက်အသီးသီးတို့က၊ ရှုပ်ထွေးပွေလီသော မျက်မှောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး အခြေအနေကို ရင်ဆိုင်လျက်၊ အင်တာနက် အကြမ်းဖက်မှု တိုက်ဖျက်ရန်မှာ လက်ရှိအချိန်ကာလ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီး လုပ်ငန်းတာဝန် ဖြစ်လာပြီ ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် အင်တာနက် အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရမည် ဖြစ်ကြောင်း ပန်ကြားကြသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားသည်။ ဝမ်ယိက၊ အကြမ်းဖက်အဖွဲ့များသည် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အသုံးချပြီး အကြမ်းဖက် အစွန်းရောက် အတွေးအခေါ်နှင့် အကြမ်းဖက်မှု ပြုလုပ်ရေးနည်းပညာကို အဆက်မပြတ် ပျံ့နှံ့နေ၍ နိုင်ငံတကာ လုံခြုံရေး နယ်ပယ်၌ ခဲရာခက်ဆစ် တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အသွင်မျိုးစုံသော အကြမ်းဖက်မှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် အစွမ်းကုန် ကြိုးပမ်းနေကြောင်း ပြောကြားသည်။ ဝမ်ယိသည် နယ်ပယ်သုံးခု၌ အင်တာနက် အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တွန်းမြှင့်ရန် အဆိုပြုချက်ကိုလည်း တင်ပြထားသည်။

နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဖိုရမ် ပူးတွဲ သဘာပတိနိုင်ငံ မော်ရိုကို နိုင်ငံခြားရေး ဝန်ကြီးဌာန သံအမတ်ကြီး မာလီဂီက၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် အစွန်းရောက် အတွေးအခေါ်များ အင်တာနက်၌ ပျံ့နှံ့ခြင်းကို တက်ကြွစွာ ရင်ဆိုင် ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio