• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆိုမာလီ ဓါးပြများ ပြန်ပေးဆွဲခံရသော တရုတ် သင်္ဘောသားများ လွတ်မြောက်လာ

(GMT+08:00) 2016-10-24 08:46:03

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်သည် ဆိုမာလီ ဓါးပြများ ပြန်ပေးဆွဲ ခံရသော NAHAM3 ငါးဖမ်းသင်္ဘောမှ တရုတ် သင်္ဘောသားများ ကယ်တင် ခံခဲ့ရခြင်းကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဟွာချွင်ယင်က၊ ၂၀၁၂ ခုနှစ် မတ်လက NAHAM3 ငါးဖမ်းသင်္ဘောသည် ဆိုမာလီ ဓါးပြ ပြန်ပေးဆွဲ ခံခဲ့ရကာ သင်္ဘောပေါ်တွင် ပြည်မကြီး တရုတ်နိုင်ငံသား ၁၀ ယောက်နှင့် ထိုင်ဝမ် မွေးချင်းပေါက်ဖေါ် ၂ ယောက် အပါအဝင် နိုင်ငံများစွာမှ သင်္ဘောသား ၁၇ ယောက် ပါဝင်ကြောင်း၊ ယင်းတို့အနက် ၃ ယောက် သေဆုံးပြီ ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့၏ ကြိုးပမ်းမှုဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က ကျန် သင်္ဘောသား ၂၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

   Webradio