• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာဧည့်သည်များ ကျင့်ကျိုးမြို့တွင် ဆက်လက်လေ့လာ

(GMT+08:00) 2016-10-20 16:57:58

             

    ပီကင်းနိုင်ငံတကာအသံလွှင့်ဌာန CRIရဲ့ ဖိတ်ကြားချက်အရ ပိုးလမ်းမကြီး တစ်လျှောက် အထူးဧည့်သည်တော်ကြီးများလေ့လာရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလယ်ပိုင်း ကျင့်ကျိုးမြို့ကိုရောက်ရှိနေကြတဲ့ မြန်မာ လာအို ကမ္ဘောဒီးယား နိုင်ငံတို့မှ သတင်းစာနှင့် ရုပ်သံမီဒီယာ ကိုယ်စားလှယ်အဖွဲ့သည် မနေ့၁၉ရက်နေ့ မနက် ၈ နာရီခွဲအချိန်မှာ ခေတ္တတည်းခိုသည့် NOVOTAL ဟိုတယ်မှ ကျင့်ကျိုးမြို့တောင်ဘက် ကီလိုမီတာ ၈၀ အကွာရှိ တရုတ်လူမျိုးတို့၏ဘိုးဘေးတော် Xuan Yuan Huang Di ၏ဇာတိမြေ ရှင်းကျင့်မြို့သွာရောက်ပြီး Xuan Yuan Huang Di ဘိုးဘိုးကြီးကို သွားရောက်ပူဇော်ကြပါတယ်။
    အဲဒီနောက် ရှင်းကျင့်မြို့ရှိ ဇီးသီးခြောက်ထုတ်လုပ်ရေးလုပ်ငန်းကုမ္ပဏီ HAOXIANGNI JUJUBE သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကုမ္ပဏီ၏သမိုင်း ကြောင်း ဇီးသီးကုန်ကြမ်းများရယူစုဆောင်းသိုလှောင်မှု ကုန်ချောအဖြစ်ထုတ်လုပ်မှု ဈေးကွက် အတွင်းဖြန့်ချိမှုတို့ကို ရှင်းလင်းပြသပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြပါတယ်။
    အဲဒီနောက် မြန်မာ ကမ္ဘောဒီးယား လာအို သတင်းစာနှင့် ရုပ်သံကိုယ်စားလှယ် အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပါတယ်။ မွန်းလွဲပိုင်းမှာ YU TONG ခရီးသည်တင်ဘတ်စ်ကား ထုတ်လုပ်ရေးကုမ္ပဏီသို့သွားရောက်လေ့လာကြပါတယ်။
    အဖွဲ့ဝင် ၂၀ ခန့်ပါဝင်သည့် အဆိုပါ ၃ နိုင်ငံမှမီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ CRI မှတာဝန်ရှိသူများလိုက်ပါလျက် ကျင့်ကျိုးမြို့သို့ အောက်တိုဘာလ ၁၆ ရက်နေ့က ရောက်ရှိခဲ့ကြပြီး ကျင့်ကျိုး ပြည်သူ့အသံလွှင့်ဌာန ရှောင်လင်နိုင်ငံတကာသိုင်းပွဲတော်နှင့် ရှောင်လင်ဘုန်းတော်ကြီးကျောင်း YUEBO မော်တော်ယာဉ် သုံးအီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ တိန်းဖုန်းမြို့ရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း San Quan အစားအစာ ထုတ်လုပ်ရေးလုပ်ငန်း ကျင့်ကျိုး နိုင်ငံတကာ နည်းပညာတက္ကသိုလ်တို့သို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပြီးပြီဖြစ်ပါတယ်။

                                                                                                                               သတင်းပေးပို့သူ--MRTV  ဦးစိုးမြင့်

   Webradio