• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် သမ္မတ ၁၈ ရက်နေ့မှစ၍ တရုတ်ပြည်၌ ခရီးလှည့်လည်

(GMT+08:00) 2016-10-18 10:22:39

ဖိလစ်ပိုင် သမ္မတ ဒူတယ်တေသည် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည်၌ တရားဝင် ခရီး လှည့်လည်မည်။ ခရီးစဉ် မစတင်မီက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒူတယ်တေက၊ ဖိလစ်ပိုင်သည် တရုတ်နိုင်ငံနှင့် စီးပွါးကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံမှုကို တဆင့် တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဒူတယ်တေက၊ တောင်ပင်လယ် ပြဿနာသည် ဆွေးနွေးမည့်အကြောင်း တစ်ရပ် ဖြစ်နိုင်မည် ဖြစ်သော်လည်း မရအရ လုပ်မည်မူ မဟုတ်ကြောင်း၊ မိမိသည် ရန်ဖြစ်ရန် အတွက် တရုတ်ပြည်သို့ သွားသည် မဟုတ်သလို တရုတ်ပြည် အလျှော့ပေးဖို့ ရှာကြံရန် အတွက်လည်း မဟုတ်ကြောင်း၊ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်ပင်လယ် ပြဿနာ ဆိုင်ရာ အငြင်းပွါးမှု ရှိသော်လည်း နှစ်ဖက်စလုံးသည် နှစ်ဖက်ချင်း တိုင်ပင်ဆွေးနွေးမှုဖြင့် သဘောတူညီမှု ရရှိပြီး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူကြကြောင်း၊ မိမိသည် အခြားနိုင်ငံများအား တောင်ပင်လယ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲတွင် မပါဝင် စေလိုကြောင်း၊ မိမိသည် တရုတ်ပြည်နှင့်သာ တိုင်ပင်ဆွေးနွေးလိုကြောင်း၊ မိမိတို့သည် တရုတ်ပြည်နှင့် ယင်းပင်လယ်ဒေသကို အတူ ဖေါ်ထုတ်လိုကြောင်း၊ ဖိလစ်ပိုင်သည် နှစ်ဖက် ဆွေးနွေးပွဲ ပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ဒူတယ်တေက၊ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ခိုင်မာသော စီးပွါးကုန်သွယ်ရေး ဆက်ဆံမှုကို ထူထောင်နိုင်ရန် မျှော်လင့်ကြောင်း၊ ဖိလစ်ပိုင်သည် စက်မှုဇုန်ကို တည်ဆောက်ရန် စီစဉ်သို့သော် ငွေရင်း ချို့တဲ့ကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာကို လိုအပ်ကြောင်း၊ ပိုအရေးကြီးသည်မှာ မိမိတို့သည် တရုတ်ပြည်၏ ချစ်ကြည်မှုနှင့် စိတ်ရင်းစေတနာကို လိုအပ်ပါကြောင်း ပြောကြားသည်။

   Webradio