• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဖိလစ်ပိုင် သမ္မတ ခရီးလှည့်လည်မည်

(GMT+08:00) 2016-10-17 14:30:12

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သမ္မတ ဒူတာတယ်သည် ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ကျောက်ကျမ့်ဟွာက မကြာမီက သမ္မတရုံးသို့ သွားရောက်ပြီး သမ္မတ ဒူတာတယ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ နှစ်ဖက်တို့သည် သမ္မတ ဒူတာတယ် လှည့်လည်တော့မည့် တရုတ် ခရီးစဉ်နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

သမ္မတ ဒူတာတယ်က ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်ကို အလွန် စောင့်မျှော် နေကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် စသည့် တရုတ် နိုင်ငံတော် ခေါင်းဆောင်များနှင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ရန် မျှော်လင့်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် အောင်မြင်မည်ဟု မိမိ ယုံကြည်ကြောင်း ပြောကြားသည်။

၁၂ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်သည် သမ္မတ ဒူတာတယ်၏ တရုတ်ပြည် ခရီးစဉ်ကို မိတ်ဆက်ပေးခဲ့သည်။ ၄င်းက ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်-ဖိလစ်ပိုင် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တိုးပွားစေပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဇောက်ချပြုလုပ်ကာ အစဉ်အလာ ချစ်ကြည်ရေးကို ဆက်လက် ထိန်းထားရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio