• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကိုအာ BRICS ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြား

(GMT+08:00) 2016-10-17 09:30:42

အဌမ အကြိမ် BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ၁၆ ရက်နေ့က အိန္ဒိယ နိုင်ငံ ကိုအာ၌ ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယုံကြည်စိတ် ခိုင်မာစေပြီး ဖွံ့ဖြိုးမှုကို အတူ ရှာကြံခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြား၍ BRICS နိုင်ငံများ နိုင်ငံတကာ စိန်ခေါ်မှုများ လက်တွဲ ရင်ဆိုင်ဖြေရှင်းရန် အဆိုပြုချက်များကို တင်ပြခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ်သည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်အတွင်း BRICS နိုင်ငံများ၏ ကမ္ဘာ့စီးပွါးရေး တိုးတက်မှုအပေါ် အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ရှီကျင့်ဖိန်သည် BRICS စနစ်တွင် ရရှိသော တိုးတက်အောင်မြင်မှုများကို မြင့်မားစွာ ချီးကျူးကြောင်း သတင်းရရှိပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အဆိုပြုချက် ငါးရပ်ကို တင်ပြခဲ့ကြောင်း၊ ယင်းတို့သည် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု တွန်းမြှင့်ရမည် ဖြစ်ခြင်း၊ တောင်ဖက်ခြမ်းနှင့် မြောက်ဖက်ခြမ်း နိုင်ငံများ ဆွေးနွေးမှုနှင့် တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည် ဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်၊ ရာသီဥတု ပြောင်းလဲမှု၊ ကူးစက်ရောဂါ၊ အကြမ်းဖက်မှု စသည့် နိုင်ငံတကာဆိုင်ရာ ပြဿနာများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ခြင်း၊ ထွန်းသစ်စ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကိုယ်စားပြုမှုနှင့် ပြောပိုင်ခွင့်ကို ဆက်လက် တိုးမြှင့်ရမည် ဖြစ်ခြင်းနှင့် BRICS နိုင်ငံများ ဖွံ့ဖြိုးရေးဘဏ်သစ်နှင့် အရေးပေါ် အရန်ငွေကြေး အစီအစဉ် စနစ်နှစ်ခုကို ကောင်းမွန်အောင် ထူထောင်ရမည် ဖြစ်ခြင်းတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် အဌမ အကြိမ် BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေး ကိုအာ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

   Webradio