• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယား မီဒီယာတွင် ရှီကျင့်ဖိန် ဆောင်းပါးရေးသားဖော်ပြ

(GMT+08:00) 2016-10-13 15:10:54

ကမ္ဘောဒီးယား ဘုရင့်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် ခရီးမထွက်မီ ၁၂ရက် နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား နိုင်ငံ "Rasmei  Kampuchea"သတင်းစာတွင် "စိတ်ရင်းစေတနာကောင်း အပြန်အလှန် ထားရှိသော အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေ အစစ်အမှန် ဖြစ်"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်ပါး တစ်ပုဒ် ရေးသားဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းဆောင်းပါးတွင် ကမ္ဘောဒီးယားသည် ရှေးဟောင်း ပင်လယ်ပြင် ပိုးလမ်းမကြီးမှ အရေးကြီးသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း၊ ၂၁ရာစုနှစ်နောက်ပိုင်းတွင် ကမ္ဘောဒီးယား၏ အမျိုးသားထူထောင်ရေးလုပ်ငန်း တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ၏ နေထိုင်မှုဘဝလည်း အဆက်မပြတ် တိုးမြင့်လာကာ ဖွံ့ဖြိုးရေး ရှေ့အလားအလာ များစွာရှိ ကြောင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပြောင်းလဲစေကာမူ တရုတ်-ကမ္ဘောဒီးယား အစဉ်အလာ ချစ်ကြည်ရေးသည် အစဉ်တစိုက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးသည် အဆက်မပြတ် ရှင်သန်လာကြောင်း၊ နှစ်နိုင်ငံတို့ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု များစွာရှိပြီး စီးပွားရေး နယ်ပယ်မှ အပြန်အလှန် အကျိုးရှိစေကာ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်ရေး အောင်မြင်မှု များစွာ ရရှိကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ တွင် နှစ်နိုင်ငံ အကြား နွေးထွေးသော ဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ် ကြောင်းလည်း ရေးသားဖော်ပြသည်။

ထို့အပြင်၊ ၄င်းဆောင်းပါးတွင် ၂၀၁၀ပြည့်နှစ်က တရုတ်နှင့် ကမ္ဘောဒီးယားသည် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ထားရှိပြီး နှစ်နိုင်ငံ ဆက်ဆံမှုသည် အချိန်ကာလသစ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားသည် စိတ်ရင်းစေတနာကောင်း အပြန်အလှန် ထားရှိသော အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေအစစ် အမှန် ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီး အလေးထားချက် များအပေါ် နှစ်နိုင်ငံ အနေနှင့် တစ်လှေတည်းစီး၊ တခရီးတည်းသွား အပြန်အလှန် ကူညီပံ့ပိုးမှု ဆောင်ရွက်ကြကြောင်း ရေးသားဖော်ပြသည်။

နောက်ဆုံးက ၄င်းဆောင်းပါးတွင် အဆိုပြုချက် ၄ချက်ကို တင်ပြခဲ့ကြောင်း၊ ၄င်းအဆိုပြုချက် ၄ချက်တွင် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို မလျှော့သောဇွဲဖြင့် ဇောက်ချပြုလုပ်ရန်၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချ ပြုလုပ်ရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ဦးလည်မသုန် အားဖြည့်ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား သံယောဇဉ် တိုးပွားစေရန် ပါဝင်ကြောင်း ရေးသားဖော်ပြသည်။

 

   Webradio