• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး ရှင်သန်မှုရှိ

(GMT+08:00) 2016-10-12 14:52:55

ယခုလ ၁၃ရက်နေ့မှ ၁၄ရက်နေ့အထိ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယင်းသည် လွန်ခဲ့သော ၄နှစ်အတွင်း တရုတ် ထိပ်သီးခေါင်းဆောင်၏ ပထမအကြိမ် ကမ္ဘောဒီးယား ခရီးစဉ် ဖြစ်ပြီး တရုတ်-ကမ္ဘောဒီးယား အစဉ်အလာ ချစ်ကြည်ရေး အတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ပေးမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

လက်ရှိအချိန်တွင် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံမှုသည် တစ်နေ့တခြား ရင့်ကျက် လာကြောင်း၊ နှစ်နိုင်ငံသည် သင့်မြတ်သော ပေါင်းသင်းဆက်ဆံမှု ရှိသော အိမ်နီးချင်း ကောင်းနှင့် မိတ်ဆွေကောင်း ဖြစ်ပြီး အေးအတူ၊ ပူအမျှ၊ တစ်လှေတည်းစီး၊ တခရီးတည်း သွားညီရင်းအစ်ကိုဖြစ်ကြကာ နိုင်ငံချင်း ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးနှင့် အပြန် အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေး စံနမူနာ အဖြစ် နိုင်ငံအသီးသီးက သဘောထားကြကြောင်း ရေးသားဖော်ပြသည်။

နှစ်နိုင်ငံ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း အောင်မြင်မှု များစွာ ရရှိကာ ယဉ်ကျးမှု ကူးလူးဖလှယ်ခြင်းလည်း အဆက်မပြတ် တိုးပွားလာကြောင်း၊ ထို့အပြင်၊ နှစ်နိုင်ငံတို့သည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် ဆက်ဆံမှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုလည်း တစ်နေ့တခြား နွေးထွေးတိုးပွားလာကြောင်း၊ လက်ရှိအခြေအနေသစ် မျိုးတွင် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်ကောင်းများ ရှိကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်-ကမ္ဘောဒီးယား ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားတောင့်တင်းသော တွန်းအားပေးမှုနှင့် ရှင်သန်မှုများ သွင်းပေးပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးများကို လက်တွေ့ဆောင်ကြဉ်းကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အရေးကြီးသော အကျိုးပြုစွမ်း ဆောင်မှု ပြုလိမ့်မည် ဖြစ်ကြောင်းလည်း ရေးသားဖော်ပြသည်။

   Webradio