• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ၃နိုင်ငံ ခရီးစဉ် ရှီကျင့်ဖိန် စတင်မည်

(GMT+08:00) 2016-10-11 15:44:17

ကမ္ဘောဒီးယား နိုင်ငံဘုရင် စီဟာမိုနီ၊ ဘင်္ဂလာဒေ့ရှ် သမ္မတ ဟာမစ်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ ကမ္ဘောဒီးယားနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ပြီး အိန္ဒိယ နိုင်ငံ ဂိုအာတွင် ကျင်းပမည့် အဌမအကြိမ်မြောက် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ခရီးစဉ်နှင့် ပတ်သက်၍ ၁၀ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ပီကင်းတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ဒုနိုင်ငံခြားရေး ဝန်ကြီး လီပေါင်တုန်းက ၄င်းသတင်းစာ ရှင်းလင်းပွဲတွင် ယခုအကြိမ် BRICSနိုင်ငံ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ အပေါ် တရုတ်ပြည်၏ မျှော်လင့်ချက် ၄ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းက ပထမအချက်က ယုံကြည်မှုကို ဖော်ပြရန်၊ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ရှိသော အပြုသဘောဆောင်သည့် အချက်ပြရန် မျှော်လင့်ကြောင်း၊ ဒုတိယ အချက်ကတော့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်မှု အဆင့်ကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း၊ တတိယအချက်က အရေးကြီးသည့် နိုင်ငံတကာ ရေးရာများတွင် ဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ပြီး ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း၊ စတုတ္ထအချက်ကတော့ ဒေသတွင်း နိုင်ငံများ အကြား ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားသစ် လောင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

 

 

   Webradio