• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရေတပ်သင်္ဘောစု မြန်မာသို့ ရောက်ရှိ

(GMT+08:00) 2016-10-01 16:26:39

    ၂၃သုတ်မြောက် တရုတ်ရေတပ် စောင့်ကြပ် သင်္ဘောစု "ရှမ်းထန်"သင်္ဘော နှင့်"ကျိုးစန်း"သင်္ဘောတို့သည် မြန်မာနိုင်ငံတွင် ၄ရက်ကြာ ခရီးလှည့်လည်ရန် ၃၀ရက် နေ့က ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် ၂၀၁၄ခုနှစ်က တရုတ် လေ့ကျင့်ရေး သင်္ဘောစု မြန်မာ နိုင်ငံတွင် ခရီးလှည့်လည်ခဲ့သည့် နောက်ပိုင်းတွင် တရုတ် ရေတပ် သင်္ဘောစု၏ နောက်တစ်ကြိမ် မြန်မာ ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံမှ တပ်မတော်နှစ်ခု အကြား အစဉ်အလာ ချစ်ကြည်ရေး တိုးပွားစေပြီး ဒေသတွင်း ငြိမ်းချမ်းရေး တွန်းအားပေးမည်ဟု အကဲခတ်များက ယူဆကြသည်။

မြန်မာ ခရီးစဉ် အပြီး တရုတ် ရေတပ် သင်္ဘောစုသည် ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ် စသည့် နိုင်ငံများသို့ သွားရောက် ခရီးလှည့်လည်မည် ဖြစ်ကြောင်းလည်း သိရသည်။

   Webradio