• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံ အချို့ ဆိုင်ရာ တရုတ် သံရုံးများ အမျိုးသားနေ့ ဂုဏ်ပြုပွဲများ ကျင်းပ

(GMT+08:00) 2016-10-01 16:23:48

မကြာမီ ရက်များက ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့၊ အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ မြန်မာ၊ ဆွီဒင်နှင့် ပိုလန် အပါအဝင် နိုင်ငံများ ဆိုင်ရာ တရုတ် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများသည် တရုတ် အမျိုးသားနေ့ ဂုဏ်ပြုဧည့်ခံပွဲများကို ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နိုင်ငံရေး နယ်ပယ်မှ အရှိန်အဝါကြီးသူနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်အချို့က ဂုဏ်ပြုဧည့်ခံပွဲများသို့ တက်ရောက်ရာ မကြာမီ နှစ်များက တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို လွန်စွာ ချီးကျူးကြောင်း ပြောကြားသည်။

မြန်မာ နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ အပါအဝင် မြန်မာ အစိုးရ အရာရှိများသည် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး ကျင်းပခဲ့သည့် တရုတ် အမျိုးသားနေ့ ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ ဦးဟင်နရီဗန်ထီးယူက တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်သည်ဟု ပြောကြားကြောင်း သိရသည်။

   Webradio