• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် သံမဏိနှင့် ကျောက်မီးသွေး လွန်ကဲစွာ ထုတ်လုပ်မှု ပြဿနာ ဖြေရှင်းနေ

(GMT+08:00) 2016-09-30 09:33:09

သံမဏိနှင့် ကျောက်မီးသွေး လွန်ကဲစွာ ထုတ်လုပ်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ယခုနှစ် ဧပြီလမှစပြီး တရုတ်အစိုးရသည် နယ်မြေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စွမ်းအင် အသုံးပြုမှု၊ ကုန်ပစ္စည်း အရည်အသွေးနှင့် လုံခြုံရေး သီးသန့် ကြပ်မတ်ရေး ဆောင်ရွက်မှုကို ပြုလုပ်နေသည်။ တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ နိုင်ငံတော် နယ်မြေ အရင်းအမြစ် ဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်က၊ ကြပ်မတ်ရေး ဆောင်ရွက်မှုတွင် အဆင့်ကာလအရ တိုးတက်အောင်မြင်မှု ရရှိပြီ ဖြစ်ပြီး ဈေးနှုန်း ပြန်လည် မြင့်တက်ရေးနှင့် သံမဏိ၊ ကျောက်မီးသွေးလုပ်ငန်းများ၏ အခက်အခဲ ဖြေရှင်းရေး အတွက် စနစ်တကျဖြစ်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနေကြောင်း ၂၉ ရက်နေ့က ပြောကြားခဲ့ကြသည်။

သက်ဆိုင်ရာ အစီအစဉ်အရ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် အကြမ်းစား သံမဏိ ထုတ်လုပ်မှု ပမာဏ တန်ချိန် ၄၅ သန်းခန့်နှင့် ကျောက်မီးသွေး ထုတ်လုပ်မှု ပမာဏ တန်ချိန် သန်း ၂၅၀ ကို လျှော့ချမည်ဖြစ်ကြောင်း သိရပါသည်။

သက်ဆိုင်ရာစာရင်းအရ၊ လက်ရှိအချိန်တွင် တရုတ်ပြည် သံမဏိနှင့် ကျောက်မီးသွေး လွန်ကဲစွာ ကုန်ထုတ်လုပ်မှု ပြဿနာ ကြီးနေသေးကြောင်း၊ ယခုနှစ် ဇူလိုင်လ လကုန်အထိ တရုတ်ပြည် တစ်ပြည်လုံးတွင် ကျောက်မီးသွေး ထုတ်လုပ်မှု စုစုပေါင်း တန်ချိန် ၉၅ သန်း လျှော့ချပြီ ဖြစ်ပြီး တစ်နှစ်တာလုံး ရည်မှန်းချက်၏ ၃၈ ရာခိုင်နှုန်းကို ဖေါ်ဆောင်ပြီ ဖြစ်ကြောင်း၊ သံမဏိ ထုတ်လုပ်မှု စုစုပေါင်း တန်ချိန် ၂၁ သန်းကျော်ကို လျှော့ချပြီ ဖြစ်ပြီး တစ်နှစ်တာလုံး ရည်မှန်းချက်၏ ၄၇ ရာခိုင်နှုန်းကို ဖေါ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

   Webradio