• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု တစ်ကမ္ဘာလုံး အကျိုးခံစားနေ

(GMT+08:00) 2016-09-28 09:51:53

စက်တင်ဘာ ၂၇ ရက်နေ့သည် ကမ္ဘာ့ ခရီးသွားနေ့ ဖြစ်သည်။ မျက်မှောက်ကာလ၌ ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာ စီးပွါးရေးတွင် တိုးတက်မှု အမြန်ဆုံးသော လုပ်ငန်း နယ်ပယ် ဖြစ်လာပြီ။ လွန်ခဲ့သည့်နှစ်များက တရုတ်ပြည် ခရီးသွားလုပ်ငန်းသည် အရှိန် ကောင်းမွန်စွာ တိုးတက်လာပြီး နိုင်ငံတကာ ခရီးသွားလုပ်ငန်းနှင့် ကမ္ဘာ့ စီးပွါးရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးနေသည်။

တရုတ်ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ တိုးတက်လာသည်နှင့်အမျှ ကမ္ဘာလှည့်သူ ဦးရေ တစ်နေ့ထက်တစ်နေ့ တိုးများလာနေသည်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်း အတွင်း ပြည်တွင်း ခရီးသွား ဦးရေမှာ ၂၂၃၆ သန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၀့ ၄၇ ရာခိုင်နှုန်း တိုးများလာသည်။ ပြည်ပရောက် ခရီးသွား ဦးရေမှာ ၁၂၇ သန်း ရှိပြီး ၄့ ၁ ရာခိုင်နှုန်း တိုးလာသည်။ နှစ်ဝက်အတွင်း ခရီးသွားလုပ်ငန်း ဝင်ငွေမှာ ယွမ် ဘီလီယံ ၂၂၅၀ ရှိပြီး ၁၂့ ၎ ရာခိုင်နှုန်း တိုးများလာသည်။

ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့မှ စာရင်းအရ၊ ၂၀၁၂ ခုနှစ်ကစပြီး တရုတ်နိုင်ငံသည် ပြည်ပရောက် ခရီးသည် အများဆုံးသောနိုင်ငံ ဆက်တိုက် ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံး ခရီးသွားလုပ်ငန်းအတွက် အကျိုးပြုနှုန်းမှာ နှစ်စဉ် ပျမ်းမျှ ၁၃ ရာခိုင်နှုန်းကျော် ရှိသည်။

တရုတ်နိုင်ငံတော် ခရီးသွားလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လီကျင်းဇော်က၊ လာမည့်ငါးနှစ်အတွင်း တရုတ်ပြည်၏ ပြည်ပသို့ ခရီးသွားသူ ဦးရေမှာ သန်း ၆၀၀ ရှိမည် ဖြစ်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံနှင့်ဒေသများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံတကာ ခရီးသွားဈေးကွက် အတိုင်းအတာကို အဆက်မပြတ် တိုးချဲ့လိုပါကြောင်း ပြောကြားခဲ့သည်။

   Webradio