• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ကုလသမဂ္ဂ အချေအတင်ဆွေးနွေးပွဲတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2016-09-22 10:31:15

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ၂၁ ရက်နေ့ နံနက်ပိုင်းက ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။ လီခေ့ချန်က၊ ကုလသမဂ္ဂကို အမြုတေအဖြစ်ထားသော လက်ရှိ နိုင်ငံတကာ စည်းစနစ်နှင့် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ်ကို အခြေခံအဖြစ်ထားသည့် နိုင်ငံတကာ ဆက်ဆံမှုမူကို ပြတ်ပြတ်သားသား ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်။ တချိန်တည်းတွင် လီခေ့ချန်က၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် အငြင်းပွါးမှုများကို နိုင်ငံရေး ဆွေးနွေးပွဲဖြင့် ကိုင်တွယ်ဖြေရှင်းရန်လည်း ပန်ကြားခဲ့သည်။

လီခေ့ချန်က၊ ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင် မရှိပါက ဆက်တိုက် ဖွံ့ဖြိုးရေး ရှိနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ် ရည်မှန်းချက်နှင့်မူကို ထိန်းသိမ်းလိုပြီး ယင်းကိုလည်း ထိန်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယခုနှစ်သည် နိုင်ငံတကာမိသားစုကြီးက ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက် အကောင်အထည် ဖေါ်ဆောင်ရန် ပထမဦးဆုံးနှစ် ဖြစ်ပြီး ယခုအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆောင်ပုဒ်သည် ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက်- တစ်ကမ္ဘာလုံး ပြုပြင်ပြောင်းလဲမှုကို လက်တွဲ တွန်းအားပေးကြစို့ ဖြစ်သည်။ ဝန်ကြီးချုပ် လီခေ့ချန်က မိန့်ခွန်း ပြောကြားရာ၌ တရုတ်အစိုးရ၏ ဆက်တိုက် ဖွံ့ဖြိုးရေးအမြင်ကို ထပ်လောင်း ရှင်းလင်းပြောကြားသည်။ လီခေ့ချန်က၊ ဆက်တိုက်ဖွံ့ဖြိုးရေး၏ အခြေခံသည် ဖွံ့ဖြိုးရေး ဖြစ်ပြီး တချိန်တည်းတွင် ဖွံ့ဖြိုးရေးသည် ဆက်တိုက်ဖွံ့ဖြိုးရေး ဖြစ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ နိုင်ငံတကာမိသားစုကြီး အနေနှင့် အာဖရိကနိုင်ငံများနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးသောနိုင်ငံများအား ပိုမို ဂရုပြုရမည် ဖြစ်ပြီး ၄င်းတို့အား ထောက်ပံ့ကူညီပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio