• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ကုလ၌ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ ကိစ္စ ပြောကြား

(GMT+08:00) 2016-09-20 10:10:16

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် နယူးယောက် ဒေသစံတော်ချိန် ၁၉ ရက်နေ့ နံနက်ပိုင်းက ကုလသမဂ္ဂ ဌာနချုပ်ရုံး၌ ကျင်းပသော ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဒုက္ခသည်နှင့် တိုင်းတပါးသို့ ရွှေ့ပြောင်းနေထိုင်သူများ အတိုင်းအတာ ကြီးကျယ်စွာ စီးဆင်းမှုပြဿနာဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။

လီခေ့ချန်က၊ ဖွံ့ဖြိုးဆဲ နိုင်ငံကြီး အနေနှင့် တရုတ်နိုင်ငံသည် ကိုယ့်စွမ်းရည်နှင့် လိုက်လျောညီထွေ ဖြစ်သော တာဝန်ဝတ္တရားကို ထမ်းဆောင်လိုကြောင်း၊ လူသားချင်း စာနာ ထောက်ထားရေး ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအကာ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာ ဆိုင်ရာ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ရှာကြံမည် ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးနှင့် ဆက်စပ်ပြီး ဒေသတွင်း တည်ငြိမ်မှုကို ဂယက်ရိုက်ခတ်နေကြောင်း၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ အတိုင်းအတာ ကြီးကျယ်စွာ ဖြစ်ပေါ်လာသည့် အခြေအနေမျိုးတွင် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်စေခဲ့ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာ ကိုင်တွယ် ဖြေရှင်း ရာတွင် သမိုင်းအကြောင်းနှင့် နိုင်ငံအသီးသီးတို့၏ လက်တွေ့ အခြေအနေကို ပြည့်ပြည့်စုံစုံ ထည့်သွင်း စဉ်းစားပြီး ကိုယ့်တာဝန်ကိုယ်စီ ထမ်းဆောင်သင့်ကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံးနှင့် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ရေးရာ အဖွဲ့ စသည့် အဖွဲ့အစည်းတို့ ညှိနှိုင်းဆောင်ရွက်ရမည့်အပြင် ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ လာရာ နိုင်ငံများ ကိုယ်တိုင် ကြိုးပမ်းမှုနှင့်လည်း ခွဲမရကြောင်း ပြောကြားသည်။

ယခုအကြိမ် အစည်းအဝေးတွင် ဒုက္ခသည်နှင့် တိုင်းတပါးသို့ ရွှေ့ပြောင်းနေထိုင်သူများ ရေးရာ နယူးယောက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။

   Webradio