• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ရုပ်ရှင် ရုပ်မြင်သံကြား ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးသည် နှစ်ဖက် မိတ်ဖက်ဆက်ဆံမှုကို တွန်းအားပေး

(GMT+08:00) 2016-09-14 09:53:43
တရုတ်-အာဆီယံ ရုပ်ရှင် ရုပ်မြင်သံကြား ပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်း အစည်းအဝေးကို မကြာမီက တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် ဘရူနိုင်း အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြားဌာနများနှင့် မီဒီယာဌာနများမှ ကိုယ်စားလှယ် ၈၀ ကျော်တို့သည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ အစည်းအဝေးတွင် မူဝါဒ ကူးလူးဖလှယ်မှုနှင့် သတင်းထုတ်ပြန်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြားလုပ်ငန်း အပြန်အလှန် ဆက်သွယ်မှု တိုးမြှင့်ရေးကိစ္စကို ဆွေးနွေး ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။ တရုတ် နိုင်ငံတော် သတင်းထုတ်ဝေဖြန့်ချိရေး အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြား ဦးစီး ဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် မဒမ် မာလီက၊ တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်အတွင်း နှစ်ဖက်တို့သည် အသံလွှင့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားနယ်ပယ်တွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ကြောင်း၊ ယင်းသည် တရုတ်-အာဆီယံ အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြား လုပ်ငန်း အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့်အပြင် နှစ်ဖက်အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆ်ကဆံမှု ခိုင်မာစေရေးအတွက်လည်း အကျိုးပြုလိုက်ကြောင်း ပြောကြားသည်။
   Webradio