• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2016-09-12 10:19:19

၁၃ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ၁၁ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်မြို့၌ ဖွင့်လှစ် ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် ၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး လက်တွဲ ထူထောင်ပြီး ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ ထူထောင်ခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ဒုဝန်ကြီးချုပ် ကျမ်းကောလိ၊ မြန်မာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဗီယက်နမ် ဝန်ကြီးချုပ် နွမ်ရွှမ်ဖူ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်စိန်၊ အာဆီယံ အတွင်းရေးမှူးချုပ် လီလွန်မင် စသည့်နိုင်ငံများမှ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ကြသည်။

ကျမ်းကောလိသည် ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားပြီး တရုတ်-အာဆီယံ ဆွေးနွေးဘက် ဆက်ဆံမှု ထားရှိသည့် ၂၅ နှစ်အတွင်း အထူးသဖြင့် တရုတ်နိုင်ငံက OBOR ကမ်းလှမ်းချက် တင်ပြသည့် ၃ နှစ်အတွင်း နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်အောင်မြင်မှုများကို ပေါင်းရုံးသုံးသပ်ခဲ့သည်။

ထို့ပြင် ကျမ်းကောလိသည် နှစ်ဖက် ဖွံ့ဖြိုးမှု မဟာဗျူဟာ ဆက်နွှယ်မှု တိုးမြှင့်ရေး၊ နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွါးကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် ဆက်သွယ်မှု၊ ငွေကြေး ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဆိုင်ရာ အဆိုပြုချက် ၆ ရပ်ကို တင်ပြခဲ့သည်။

ယခုအကြိမ် ကုန်စည်ပြပွဲကို ၄ ရက်ကြာ ကျင်းပမည် ဖြစ်ကာ နိုင်ငံခြား လုပ်ငန်းကုမ္ပဏီ ၁၀၂၀ တို့ ခင်းကျင်းပြသမည် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကထက် ၁၄့ ၎ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ကုန်စည်ပြပွဲ အတော်အတွင်း အဆင့်မြင့်ဖိုရမ် ၃၄ ခုကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio