• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံမှုကို အာရုံစိုက်

(GMT+08:00) 2016-09-09 10:05:48

၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ၈ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သည်။

အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်က၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး အပြန်အလှန် ယုံကြည်မှု ထားရှိမှသာ အရှေ့အာရှ နိုင်ငံများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို လက်တွဲ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမှသာ အရှေ့အာရှ စီးပွါးရေး စည်ပင်သာယာရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

လျူကျင့်မင်က၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း လုံခြုံမှုတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အစည်းအဝေးတက်ရောက်သော ခေါင်းဆောင် အားလုံး ထောက်ခံကြောင်း၊ ခေါင်းဆောင် အချို့သည် တောင်ပင်လယ်ပြဿနာ အပါအဝင် ပင်လယ် လုံခြုံမှုအကြောင်းကိုလည်း ပြောမိကြောင်း၊ နိုင်ငံ ၁၈ နိုင်ငံ အနက် ၁၆ နိုင်ငံတို့သည် အပြုသဘော ရှုထောင့်မှနေ ပြောကြားခြင်း ဖြစ်ပြီး ဒေသတွင်းမဟုတ်သော နိုင်ငံ နှစ်နိုင်ငံသာ တောင်ပင်လယ် အနုညာတ စီရင်မှု ပြဿနာကို ပြောနေသေးကြောင်း၊ ယခုနှစ် ဇူလိုင်လက ဗီယင်ကျန်း၌ ကျင်းပသော တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင်၊ တောင်ပင်လယ် ပြဿနာနှင့် ပတ်သက်ပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ လုပ်ဆောင်မှုမူ ကြေညာစာတမ်း ဘက်စုံ ဖေါ်ဆောင်ရမည်ဟု တရုတ်နှင့် အာဆီယံနိုင်ငံများ သိမြင်ခဲ့ပြီ ဖြစ်ကြောင်း၊ ပြင်ပနိုင်ငံများ၏ ဝင်စွက်မှုသည် ပြဿနာ ဖြေရှင်းပေးနိုင်မည် မဟုတ်ဘဲ အငြင်းပွါးမှုကို တိုးပွါးစေနိုင်မည်သာ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio