• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အောင်ကျိုးရလဒ် စာတမ်း နှစ်ရပ် ရရှိ

(GMT+08:00) 2016-09-07 10:12:52

တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးနှင့် တရုတ်-အာဆီယံ သံအဆက်အသွယ် ထားရှိခဲ့သည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို ၇ ရက်နေ့က အာဆီယံ အလှည့်ကျ သဘောပတိနိုင်ငံ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့တော်၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် တရုတ်နှင့် အာဆီယံနိုင်ငံများ ပင်လယ် အရေးပေါ် အရေးအခင်း တုံ့ပြန်ဖြေရှင်းရေး အဆင့်မြင့် သံတမန်အရာရှိများ အရေးပေါ်ဖုန်းလိုင်း ပလက်ဖောင်း လမ်းညွှန်စာတမ်းနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများ "ပင်လယ်ပြင်၌ ရှောင်သခင် ဆုံတွေ့ စည်းမျဉ်း" ကို တောင်ပင်လယ်၌ပါ အသုံးပြုရေး အပါအဝင် အောင်ကျိုးရလဒ် စာတမ်း နှစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် တောင်ပင်လယ်ရေးရာ သုတေသနဌာန ဌာနမှူး ဝူရှိချွင်က၊ အထက်ပါ စာတမ်း နှစ်ရပ် ထုတ်ပြန်ခြင်းသည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှုမူ တိုင်ပင်ဆွေးနွေးရေး ပဏာမ အောင်ကျိုးရလဒ် ဖြစ်သည်ဟု ယူဆ ရကြောင်း၊ ယင်းသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တိုးမြင့်ရေးဆိုင်ရာ အမှတ်အသား အကြောင်းအရာ ဖြစ်ပြီး သံတမန်နှင့် အကျပ်အတည်းကို ကြိုတင် ထိန်းချုပ်ရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှုပင် ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

   Webradio