• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျီ-၂၀ ဟန်ကျိုး ထိပ်သီး အစည်းအဝေးသည် ကမ္ဘာ့ မြစိမ်းရောင် ငွေကြေး ဖွံ့ဖြိုးမှုကို ဦးစီး

(GMT+08:00) 2016-09-05 09:47:08

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် တရုတ်ပြည် ဟန်ကျိုး မြို့၌ ကျင်းပနေသည်။ တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် အဖြစ် မြစိမ်းရောင် ငွေကြေး လုပ်ငန်း အကြောင်းကို ဂျီ-၂၀ အစည်းအဝေး ဆွေးနွေးရန် အစီအစဉ်တွင် ထည့်သွင်းပြီး ပြစိမ်းရောင် ငွေကြေးလုပ်ငန်း သုတေသနအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားသည်။

လက်ရှိ အချိန်တွင် ဂျီ-၂၀ မြစိမ်းရောင် ငွေကြေးလုပ်ငန်း အထွေထွေ အစီရင်ခံစာ ဖြစ်တည်လာပြီ ဖြစ်ပြီး မြစိမ်းရောင် ငွေကြေးလုပ်ငန်း၏ အဓိပ္ပါယ်၊ ရည်မှန်းချက်၊ မူဘောင်နှင့် ရင်ဆိုင် နေရသော စိန်ခေါ်မှုများကို ရှင်းလင်းချမှတ်ထားသည်။ နိုင်ငံအသီးသီးတို့ မြစိမ်းရောင် ငွေကြေး လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အကြံဥာဏ်ကောင်းများပေးပြီး နိုင်ငံတကာ စီးပွါးရေး ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းပါးအောင် ပြောင်းလဲမှုကို ထောက်ခံပေးသည်။

မြစိမ်းရောင် ငွေကြေးလုပ်ငန်း ဟူသည်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ငွေရင်းစွဲဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုထဲတွင် ထည့်သွင်းခြင်း ဖြစ်ပြီး ယင်းသည် ငွေရင်းများကို သယံဇာတအရင်းအမြစ် ချွေတာရေးနည်းပညာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်တွင် စွဲဆောင်လာသည်။

ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့ဘဏ်နှင့် အင်ဂလန် ဗဟိုဘဏ် တို့သည် ဂျီ-၂၀ မြစိမ်းရောင် ငွေကြေးလုပ်ငန်း သုတေသနအဖွဲ့ကို ရှေ့ဆောင် ဖွဲ့စည်း တည်ထောင်ပြီး ပီကင်း၌ ပထမ အကြိမ် အစည်းအဝေးကိုလည်း ကျင်းပခဲ့သည်။

   Webradio