• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် BRICS ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်

(GMT+08:00) 2016-09-04 13:38:19

BRICS ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ၄ ရက်နေ့ နံနက်ပိုင်းက ဟန်ကျိုးမြို့၌ ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ အိန္ဒိယ ဝန်ကြီးချုပ် မော်ဒီ၊ တောင်အာဖရိက သမ္မတ ဇူမာ၊ ဘာရာဇီး သမ္မတ တေမာနှင့် ရုရှား သမ္မတ ပူတင်တို့သည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ ၄င်းတို့သည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် မျက်မှောက် စိန်ခေါ်မှုများ လက်တွဲ ရင်ဆိုင် ဖြေရှင်းရေး အကြောင်းကို ဆွေးနွေးကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ BRICS နိုင်ငံများသည် ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဦးဆောင်သူ ဖြစ်သကဲ့သို့ ဂျီ-၂၀ အုပ်စု၏ အရေးကြီး အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် သမိုင်း ရေစီးကြောင်းနှင့်အညီ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ကာ နိုင်ငံတကာ စီမံခန့်ခွဲရေးတွင် ပိုမို အကျိုးသက်ရောက်မှု ပြုနိုင်သည့် အခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆိုပြုချက် လေးရပ်ကို တင်ပြကြောင်း၊ ယင်းတို့သည် ဖွံ့ဖြိုးမှု အသွင်ပုံစံကို လက်တွဲ ဆန်းသစ်ခြင်း၊ နိုင်ငံတကာ စီမံခန့်ခွဲမှု ကောင်းမွန်လာအောင် လက်တွဲ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ တရားမျှတမှုကို လက်တွဲ ထိန်းသိမ်းကာကွယ်ခြင်းနှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လက်တွဲ တွန်းအားပေးပြီး ဆက်တိုက် ဖွံ့ဖြိုးရေး လမ်းကြောင်းအတိုင်း ချီတက်ခြင်းတို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio