• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး ကျင်းပ

(GMT+08:00) 2016-09-04 11:22:52

BRICS ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ၄ ရက်နေ့ နံနက်ပိုင်းက ဟန်ကျိုးမြို့၌ ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ အိန္ဒိယ ဝန်ကြီးချုပ် မော်ဒီ၊ တောင်အာဖရိက သမ္မတ ဇူမာ၊ ဘာရာဇီး သမ္မတ တေမာနှင့် ရုရှား သမ္မတ ပူတင်တို့သည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ BRICS နိုင်ငံများသည် ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဦးဆောင်သူ ဖြစ်သကဲ့သို့ ဂျီ-၂၀ အုပ်စု၏ အရေးကြီး အဖွဲ့ဝင်နိုင်ငံများလည်း ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အနေနှင့် သမိုင်း ရေစီးကြောင်းနှင့်အညီ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ကာ နိုင်ငံတကာ စီမံခန့်ခွဲရေးတွင် ပိုမို အကျိုးသက်ရောက်မှု ပြုနိုင်သည့် အခန်းကဏ္ဍ၌ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှီကျင့်ဖိန်က၊ ယခုနှစ်အတွင်း ငါးနိုင်ငံတို့၏ လက်တွဲကြိုးပမ်းမှုနှင့် သဘာပတိနိုင်ငံ အိန္ဒိယနိုင်ငံ၏ တွန်းအားပေးမှုဖြင့် BRICS နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု အရှိန် ကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို တဆင့်တိုး တိုးချဲ့လာနိုင်ခဲ့ကြောင်း ပြောကြားသည်။

   Webradio