• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိုဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2016-09-02 10:17:03

မြန်မာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၃၁ ရက်နေ့က နေပြည်တော်၌ စတင်ကျင်းပခဲ့သည်။ ယခုလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်က၊ အစည်းအဝေး ချောမောစွာ ဖွင့်လှစ်ခဲ့ခြင်းအတွက် ထောမနာ ပြုကြောင်း ဖေါ်ပြသည့်အပြင် တရုတ်နိုင်ငံသည် ကိုယ်စားလှယ် စေလွှတ်ပြီး ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ ပြည်တွင်း ပြန်လည် သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လိုကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဟွာချွင်ယင်က၊ ပင်လုံညီလာခံ ကျင်းပခြင်းသည် မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးရေး၊ ဘက်အသီးသီးတို့ အပြန်အလှန် နားလည်မှု တွန်းအားပေးရေးနှင့် တိုင်းရင်းသား ကျေအေးရေး တွန်းအားပေးရေးတို့အတွက် အရေးကြီးကြောင်း၊ မြန်မာ ဘက်အသီးသီးတို့ အနေနှင့် အငြင်းပွါးမှုများကို နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပြီး ငြိမ်းချမ်းရေး နည်းလမ်းဖြင့် ဖြေရှင်းရန်၊ တစ်ပြည်လုံး၌ အမြန်ဆုံး အပစ်အခတ်ရပ်စဲနိုင်ရန်၊ နိုင်ငံတော် ရေရှည် ငြိမ်းချမ်းရေးအတွက် အခြေအနေ ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ယခုအကြိမ် အစည်းအဝေး အောင်မြင်ပါစေဟု ဆုတောင်းပါကြောင်း ပြောကြားသည်။

ဟွာချွင်ယင်က၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း အနေနှင့် တရုတ်နိုင်ငံသည် မြန်မာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ကျေအေးရေးအတွက် အကျိုးပြုနိုင်သော ကြိုးပမ်းမှု မှန်သမျှကို ထောက်ခံကြောင်း ပြောကြားသည်။

   Webradio