• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆရေး ပိုမို ခိုင်မာ စေသည်ဟု ဦးညွန့်မောင်ရှိန် ဆို

(GMT+08:00) 2016-08-29 09:28:36

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်ခဲ့သည်။ ယင်းသည် မြန်မာ အစိုးရသစ် ဖွဲ့စည်း တည်ထောင် ခဲ့ပြီးနောက် မြန်မာခေါင်းဆောင်၏ ပထမဆုံးအကြိမ် တရုတ်ခရီးစဉ် ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် အတူတကာ အလေးထားကြသော ရေးရာများကို နက်ရှိုင်းစွာ ဆွေးနွေးကြပြီး အရေးကြီး သဘောတူညီမှုများကို ရရှိခဲ့သည်။

မြန်မာ နိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်က၊ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ပိုမို ခိုင်မာ စေကြောင်း မကြာမီက ဆင်ဟွာ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့ပါသည်။

ဦးညွန့်မောင်ရှိန်က၊ မိမိတို့သည် တရုတ် နိုင်ငံတို့တွင် အစဉ်တစိုက် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ဆက်ဆံရေးကို အလေးထားပြီး အိမ်နီးချင်း နိုင်ငံ ဆက်ဆံရေး ကို ပိုမိုအလေးထားကြောင်း ပြောကြား ခဲ့သည်။

ဦးညွန့်မောင်ရှိန်က မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးသည့် အချိန် မှစ၍ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို တည်ထောင်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များသည် အသွားအလာ အလည်အပတ် အပြန်အလှန် အမြဲ ပြုလုပ် ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ ခရီးစဉ်သည် ဤ ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေသည့် ခရီးစဉ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ မကြာခဏ အပြန်အလှန် သွားလာ လည်ပတ်ခြင်းသည် အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုပြီး ခိုင်မာစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

   Webradio