• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့သည် ဒေသတွင်း တပြေးညီ ဖွံ့ဖြိုးမှုကို တွန်းအားပေး

(GMT+08:00) 2016-08-25 10:02:26

မကြာမီက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် လေးနိုင်ငံမှ စီးပွါးရေး ဝန်ကြီးများသည် လာအိုနိုင်ငံ ဗီယင်ကျမ်း မြို့တော်၌ ၂၀၁၇- ၂၀၁၈ ခုနှစ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ ဒေသငယ် တပြေးညီ ဖွံ့ဖြိုးမှုကို တွန်းအားပေးရန် ဖြစ်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရပါသည်။

လေးနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းဆိုင်ရာ ကတိခံဝန်ချက်များကို ဖေါ်ဆောင်ရေး၊ လေးနိုင်ငံ ဖွံ့ဖြိုးရေး မူဘောင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖေါ်ထုတ်ရေး အပါအဝင် နယ်ပယ် လေးခုကို အဓိကထား တွန်းအား ပေးမည် ဖြစ်ကြောင်း၊ လေးနိုင်ငံ စီးပွါးရေး ဝန်ကြီးများ ထုတ်ပြန်သော ပူးတွဲ ကြေညာချက်တွင်၊ ယင်းစီမံကိန်းသည် အာဆီယံ စီးပွါးရေး အသိုက်အဝန်း ၂၀၂၅ ခုနှစ် စီမံချက် စိတ်ဓါတ်ကို ပြည့်ပြည့်စုံစုံ ပေါ်လွင်စေပြီး ဖွံ့ဖြိုးရေးဆိုင်ရာ ကွာဟမှုကို ကျဉ်းကျုံ့စေကာ အာဆီယံ တပြေးညီ ဖွံ့ဖြိုးမှုကို အားဖြည့်သည်ဟု ရေးသားထားကြောင်း သတင်းရရှိပါသည်။

လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက အာဆီယံ အသိုက်အဝန်းကို တည်ထောင်ခဲ့ကြောင်း၊ အာဆီယံ အခြားအဖွဲ့ဝင်နိုင်ငံများ စီးပွါးရေး တိုးတက်မှု အားနည်းနေသည့် အခြေအနေမျိုးတွင် ကမ္ဘာဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် လေးနိုင်ငံတို့၏ ဖွံ့ဖြိုးမှု အရှိန် ကောင်းမွန်ကြောင်း၊ ၂၀၁၅ ခုနှစ်က လေးနိုင်ငံ ကုန်စည် ကူးသန်းရောင်းဝယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၈၅့ ၅ ဘီလီယံ ရှိပြီး အာဆီယံ ကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ၁၆့ ၉ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လေးနိုင်ငံတို့ စွဲဆောင်လာသော နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ဒေါ်လာ ၁၇့ ၎ ဘီလီယံ ရှိပြီး အာဆီယံ စုစုပေါင်း ပမာဏ၏ ၁၄့ ၆ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အာရှ ဖွံ့ဖြိုရေးဘဏ်မှ ခန့်မှန်းချက်အရ ယခုနှစ်တွင် လေးနိုင်ငံတို့၏ စီးပွါးရေး တိုးတက်နှုန်းမှာ ၇ ရာခိုင်နှုန်း ဝန်းကျင်တွင် ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio