• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်ဆိုင်ရာ ကန့်ကွက်မှု သုံးရပ်နှင့် စွဲကိုင်မှု သုံးရပ် ဝမ်ယိ ပြောဆို

(GMT+08:00) 2016-08-24 14:49:46

ယခုလ ၂၄ ရက်နေ့က တိုကျိုမြို့ အဌမ အကြိမ် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ပြီး သတင်းစာရှင်းလင်းပွဲတွင်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ မိမိတို့ သုံးဘက်တို့သည် ကိုးရီးယား ကျွန်းဆွယ် အခြေအနေကို ဆွေးနွေးကြကြောင်း၊ တရုတ်နိုင်ငံသည် မြောက်ကိုးရီးယား၏ နျူကလီးယား ဒုံးကျည် ဖွံ့ဖြိုးရေးဖြစ်စဉ်၊ ကျွန်းဆွယ် အခြေအနေ တင်းမာစေသော ပြောဆို လုပ်ဆောင်ချက်မှန်သမျှနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၇၀ ကို ဖေါက်ဖျက်သော ဆောင်ရွက်မှုမှန်သမျှကို ကန့်ကွက်ကြောင်း၊ ကျွန်းဆွယ် နျူကလီယာမဲ့ ဖြစ်စေရေး ရည်မှန်းချက်၊ ပြဿနာကို တိုင်ပင်ဆွေးနွေးသောနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ကျွန်းဆွယ်နှင့်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်ကို စွဲကိုင်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းနေ့၌ပင် ဝမ်ယိသည် တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ယွန်ပျုံစေနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

   Webradio