• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ဂျပန်၊တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2016-08-24 14:48:12

အဌမအကြိမ်မြောက် တရုတ်၊ဂျပန်၊တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ၂၄ရက်နေ့တွင် တိုကျိုမြို့၌ ကျင်းပကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

သမိုင်းပြဿနာအပါအဝင် ပြဿနာနှင့် ပြင်ပ အကြောင်းရင်းများကြောင့် အရှေ့အာရှ အခြေအနေ မတည်မငြိမ်ဖြစ်မှု မကြာခဏ ဖြစ်ကြောင်း၊ ယင်းအခြေအနေမျိုးတွင် အိမ်နီး ချင်းနိုင်ငံဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား ၃နိုင်ငံတို့ အနေနှင့် ဘက်အ သီးသီးတို့၏ အလေးထားချက်များကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး နယ်ပယ် အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တွန်းအား ပေးကာ ၃နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှု ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေး၍  အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု အတွက် တွန်းအားပေးမှုသစ်များကို သွင်းပေးရန် လူအများက မျှော်လင့်ကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသား ဖော်ပြသည်။

တရုတ်၊ဂျပန်၊တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသည် ၃နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နှစ်ပတ်လည် ဘက်ပေါင်းစုံ အစည်းအဝေး ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေး မကျင်းပမီက သက်ဆိုင်ရာ အစီအစဉ်များ အတွက် ပြင်ဆင်ပေးရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်၊ဂျပန်၊တောင်ကိုးရီးယား နိုင်ငံခြားရေး အဆင့်မြင့် အရာရှိများ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ် နိုဝင်ဘာက ဆဌမ အကြိမ်မြောက် ၃နိုင်ငံ ထိပ်သီး အစည်းအဝေးကို တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပပြီး အရှေ့အာရှ ဒေသ ပူးပေါင်းဆောင်ရွက် ရေး အတွက် ရှင်သန်မှု သွင်းပေးခဲ့ကြောင်း၊ ယခုအကြိမ် ၃နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ၃နိုင်ငံတို့သည် ထိပ်သီး အစည်းအဝေးမှ ရရှိသော အောင်မြင်မှုများကို တက်ကြွစွာ လက်တွေ့ဖော်ဆောင်ပြီး အရှေ့အာရှ ဒေသတွင်း တပြေးညီ ဖြစ်စေရေး ဖြစ်စဉ်ကို တွန်းအားပေးကာ ၂၀၂၀ပြည့်နှစ်တွင် အရှေ့အာရှ စီးပွားရေး အသိုက်အဝန်း တည်ဆောက်ပြီးစီးရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio