• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲ

(GMT+08:00) 2016-08-24 14:50:44

မြန်မာနိုင်ငံယခင်အာဏာရပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် သြဂုတ်လ ၂၃ ရက်နေ့က ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ပြောင်းလဲခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံသမ္မတဟောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ဒုတိယဥက္ကဋ္ဌဦးဌေးဦးတို့သည် ထိုနေ့က ရာထူးမှ နှုတ်ထွက်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ ရွေးချယ် လိုက်သည့် ထိပ်ပိုင်း ခေါင်းဆောင်များမှာ ပါတီ ဥက္ကဌ အဖြစ် ဦးသန်းဌေး ၊ ဒုဥက္ကဌ အဖြစ် ဦးမြတ်ဟိန်း နှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ဦးသက်နိုင်ဝင်း တို့ ဖြစ်ကြောင်းသိရသည်။

ဥက္ကဋ္ဌသစ်ဦးသန်းဌေးသည် အသက် ၆၁ နှစ် အရွယ်ရှိပြီး ပင်စင်ယူဗိုလ်ချုပ်မှူးကြီးဖြစ်သည်။ ဦးသိန်းစိန်အစိုးရတွင် ၄င်းသည် စွမ်းအင်ဝန်ကြီးနှင့် မီးရထားဝန်ကြီးဌာနဝန်ကြီးတာဝန်ကို ရှေ့ဆင့်နောက်ဆက် ထမ်းဆောင်ခဲ့ဖူးသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမှုဆောင်ကော်မတီမှ ကော်မတီဝင်တစ်ဦး ၏ ပြောကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူ ၉ ဦးပါဝင်သော ဦးဆောင် ကော်မတီတစ်ခု ဖွဲ့စည်းတည်ထောင်ပြီး ကော်မတီဝင်အားလုံးသည် ဝါရင့်ပါတီဝင်ဖြစ်ကာ ဦးသိန်း စိန်နှင့် ဦးဌေးဦးတို့လည်း ပါဝင်ကြောင်းသိရသည်။

  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် သြဂုတ်လ ၂၂ ရက်နေ့မှစပြီး နေပြည်တော်၌ ဒုတိယအကြိမ် ပါတီညီလာခံကို ကျင်းပခဲ့သည်။ ယင်းသည် မြန်မာအစိုးရသစ်တည်ထောင်ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပထမဆုံးအကြိမ်ပြည်လုံးဆိုင်ရာညီလာခံလည်း ဖြစ်သည်။

   Webradio