• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်အတွင်း အောင်ကျိုးရလဒ် များကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ချီးကျူးပြောဆို

(GMT+08:00) 2016-08-23 16:26:42

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူ့ခမ်းသည် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ် အတွင်း အောင်ကျိုးရလဒ်များကို ချီးကျူးပြောဆိုခဲ့ကြောင်း၊ ၄င်းက၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်ဖက်ဆက်ဆံမှုနှင့် အတူတကွ အရေးထားကြသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး လေးနက်စွာ အမြင်ချင်း ဖလှယ်ပြီး အရေးကြီး သဘောတူညီမှုများကို ရရှိခဲ့သည်ဟု ပြောကြားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၂ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် လူ့ခမ်းက၊ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ အောင်မြင်စွာ ခရီး လှည့်လည်ခြင်းသည် နှစ်ဖက်အကြား နယ်ပယ်အသီးသီး၌ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ ချမ်းသာ သုခများ တိုးမြှင့်ရန် အတွက် အခွင့်ကောင်းများ ဖန်တီးပေးကြောင်း၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ထိရောက်စွာ တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်စေရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုများပြားသော လက်တွေ့ကျ အကျိုးစီးပွါးများကို ဆောင်ကျဉ်းနိုင်ရန် မြန်မာနိုင်ငံနှင့် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

   Webradio