• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်မည်

(GMT+08:00) 2016-08-23 15:05:32

၁၁ကြိမ်မြောက် ဂျီ-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို လာမည့် စက်တင်ဘာ ၄ရက်နေ့မှ ၅ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးလောက သည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ အပေါ် ပိုမို အာရုံစိုက်လာ ကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုနှစ် ဇူလိုင်လတွင် တရုတ် စီးပွားရေး ကိန်းဂဏန်းအချို့သည် လျာထားချက်ထက် နည်းကြောင်း၊ စက်မှုကုန်ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် သော့ချက်ကျ သောလုပ်ငန်းနယ်ပယ်များ၌ တိုးနှုန်း အနည်းငယ် ကျဆင်းသွားကြောင်း မကြာမီက ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာ စာရင်းအရ သိရသည်။

တိုတောင်းသည့် အချိန်ကာလပိုင်းတွင် တရုတ် စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်သော်လည်း တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေး ဆိုင်ရာ ကောင်းမွန်သော အခြေခံ အခြေအနေသည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ် စီးပွားရေး ရေရှည် ရှင်သန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မည့် အခြေအနေသည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးမည့် အခြေအနေသည် ပြောင်းလဲမည် မဟုတ် ကြောင်းလည်း ပညာရှင်များက ယူဆကြသည်။

ပြီးခဲ့သည့် သီတင်းပတ်က Goldman Sachsမှ ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာ ဈေးကွက် အစီရင်ခံစာတွင် လွန်ခဲ့သော ၁၀နှစ် အတွင်း တရုတ်ပြည် အဓိက ပို့ကုန်များ၏ အမျိုးအစားနှင့် ပမာဏ ဆိုင်ရာ ပြောင်းလဲမှုကို ကြည့်လျှင် တရုတ် စီးပွားရေးသည် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်တင်ပို့ရောင်းချမှုများဖြင့် တွန်းအာေးပးထားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပုံစံမှ စားသုံးမှုနှင့် ဝန်ဆောင်မှုကို အဓိကထား လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ပုံစံအဖြစ် ပြောင်းလဲနေသည်ကို တွေ့ရကြောင်း၊ ယင်းထိန်းညှိပြောင်းလဲမှုတွင် ထင်ရှားသိသာသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း ရေးသားဖော်ပြသည်။

   Webradio