• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြား ကုန်သွယ်မှု တွန်းအားပေးရန် ဆောင်ရွက်ချက်များ တရုတ် အားဖြည့်ပြုလုပ်မည်

(GMT+08:00) 2016-08-22 15:03:16

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံ တစ်ဦးက လက်ရှိ အချိန်က တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးသည် ကျဆင်းမှု ဖိအားကြီးမားကြောင်း၊ နိုင်ငံခြား ကုန်သွယ်မှု ပြန်လည် တည်ငြိမ်စွာ တိုးတက်နိုင်အောင် တွန်းအားပေးရန် အတွက် ကျင့်သုံးနေသော မူဝါဒများကို အနာဂတ်တွင် အားဖြည့် လက်တွေ့ ကျင့်သုံး ဆောင်ရွက် မည်ဖြစ်ကြောင်း လွန်ခဲ့သော သောကြာနေ့က ပီကင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

မကြာမီနှစ်များက နိုင်ငံတကာ ငွေကြေး အကျပ်အတည်း၏ ထိခိုက်မှုများ ဆက်တိုက် ပေါ်လွင်လာပြီး ပြည်ပ ဝယ်လိုအား ဆက်တိုက် အားနည်းကာ ပြည်တွင်းက သက်ဆိုင်ရာ ကုန်ကျစရိတ်များ ဒလကြမ်း မြင့်တက်လာကြောင်း၊ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး အခြေအနေသည် အလွန်ခက်ခဲပြီး ကျဆင်းမှုဖိအား တင်ရှားသိသာစွာ ကြီးမားလာကြောင်း ရေးသားဖော်ပြသည်။

နိုင်ငံခြား ကုန်သွယ်ရေး ကျဆင်းမှုဖိအားနှင့် ရင်ဆိုင်ရေး အတွက် လွန်ခဲ့သော ၃နှစ် အတွင်း တရုတ် အစိုးရသည် နိုင်ငံခြား ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်စေရန် တွန်းအားပေးရေး မူဝါဒ ဆောင်ရွက်ချက် ၁၆ခုကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ကျင့်သုံး ခဲ့ကြောင်း၊ ၄င်းဆောင်ရွက်ချက်များတွင် အာမခံရေးလုပ်ငန်း အားပေးထောက်ခံမှု ပိုမိုအင် တိုက်အားတိုက်ပြုလုပ်ရေး၊ လုပ်ငန်းကုမ္ပဏီများ၏ ဝန်ထုပ်ဝန်ပိုး လျှော့ချရေး၊ ကုန်သွယ်မှု အဆင်ပြေစေရေး အဆင့်တိုးမြှင့်ရေး၊ နိုင်ငံခြား ကုန်သွယ်ရေး ပြုလုပ်ခြင်း ပုံစံသစ် ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်မြှင့်ဆောင်ရွက်ရေး စသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

မကြာမီနှစ်များက တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး ဖွဲ့စည်းပုံသည် ဆက်တိုက် တရားနည်းလမ်းကျလာပြီး အရည်အသွေးနှင့် အကျိုးစွမ်းဆောင်မှုလည်း အဆက်မပြတ် တိုးမြင့်လာကြောင်း သိရသည်။

   Webradio