• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ တရုတ် နိုင်ငံတော်ကောင်စီ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00) 2016-08-22 14:32:38

   တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ တရုတ်နိုင်ငံတော်ကောင်စီတို့သည် ယနေ့ ၂၂ ရက်နေ့က ၃၁ ကြိမ်မြောက်အိုလံပစ်အားကစားပွဲတော် တရုတ်အားကစားကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

   တစ်ကမ္ဘာလုံးအာရုံစူးစိုက်သော ၃၁ ကြိမ်မြောက်အိုလံပစ်အားကစားပွဲတော်တွင် တရုတ်အားကစားမောင်မယ်များသည် အမိနိုင်ငံနှင့်ပြည်သူများ၏စောင့်မျှော်ချက် နှင့်အညီ ကြံ့ကြံ့ခိုင်ခိုင်ကြိုးစားအားထုတ်၍ ရွှေတံဆိပ် ၂၆ ခု ၊ ငွေတံဆိပ် ၁၈ ခု ၊ ကြေးတံဆိပ် ၂၆ ခုဖြင့် ထူးချွန်သော အောင်မြင်မှုရရှိခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ တရုတ်နိုင်ငံတော်ကောင်စီတို့သည် ခင်ဗျာတို့အား လှိုက်လှဲစွာ ဂုဏ်ပြုထောမနာပြုပြီး ရင်းနှီးစွာ နှစ်သိမ့်အားပေးကြောင်း ယင်းဂုဏ်ပြုသဝဏ်လွှာတွင် ဖေါ်ပြထားသည်။

   Webradio