• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရီယို အိုလံပစ် ပွဲတော် ရုပ်သိမ်း

(GMT+08:00) 2016-08-22 10:11:05

ရေယို အိုလံပစ် အားကစား ပွဲတော်ကို ၂၁ ရက်နေ့ညက ရုပ်သိမ်းခဲ့သည်။ နိုင်ငံနှင့် ဒေသ ၂၀၆ ခုမှ အားကစားလက်ရွေးစင် ၁ သောင်း ၁၄၀၀ တို့သည် အားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲစဉ်ကြီး ၂၈ ခု ရှိပြီး ပြိုင်ပွဲစဉ်ငယ် ၃၀၆ ခု ရှိသည်။ နိုင်ငံ ၈၆ နိုင်ငံမှ အားကစား မောင်မယ်များ ဆုတံဆိပ်များ ရရှိပြီး ယင်းတို့အနက် နိုင်ငံ ၅၈ နိုင်ငံမှ အားကစားမောင်မယ်များ ရွှေတံဆိပ်ဆုကို ရရှိကြသည်။ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ရုရှား၊ ဂျာမဏီနှင့် ဂျပန်နိုင်ငံတို့၏ ရွှေတံဆိပ်ဆု ပမာဏမှာ ပထမမှ ဆဌမ အထိ ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများသည် ရွှေတံဆိပ် ၅ ခု၊ ငွေ တံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၂ ခုကို ရရှိကြသည်။ ဗီယက်နမ်နှင့် စင်ကာပူတို့သည် ပထမဆုံးအကြိမ် အဖြစ် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ကို ရရှိခဲ့သည်။ သတင်းထောက် ၂ သောင်း ၅ ထောင်ကျော်တို့သည် အိုလံပစ် သတင်းများကို ထောက်ယူကြသည်။ ယခုအကြိမ် အိုလံပစ် ပြိုင်ပွဲသည် ကမ္ဘာလှည့်ခရီးသည် တစ်သန်းကျော်ကို စွဲဆောင်နိုင်ခဲ့သည်။

ရီယို မြို့တော်ဝန် အယ်ဒဝါဒိုက၊ မိမိသည် အိုလံပစ်အားကစားပြိုင်ပွဲအတွက် ၁၀ မှတ် ပေးသည်။ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပခြင်းသည် ပြဿနာ အားလုံးကို ဖြေရှင်း နိုင်မည် မဟုတ်သော်လည်း ရီယိုမြို့ကို ပိုမို သာယာလှပစေနိုင်မည်ဟု ပြောကြားသည်။

အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ တိုမာစ် ပါဟ်ကလည်း ယခုကြိမ် အိုလံပစ်ပြိုင်ပွဲကို ချီးကျူးသည်။ ၄င်းက၊ ရီယို အပါအဝင် ဘရာဇီး နိုင်ငံသည် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင် နေသော်လည်း စိတ်ရင်းစေတနာနှင့် ယခုအကြိမ် အိုလံပစ်အားကစကားပြိုင်ပွဲကို လက်တွေ့ကျကျ လက်ခံကျင်းပခဲ့သည်ဟု ပြောကြားသည်။

ဘရာဇီး ယာယီသမ္မတ ထမေက၊ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပခြင်းသည် ဘရာဇီးကို ပြန်လည် သွေးစည်းညီညွတ်လာစေသည်ဟု ပြောကြားသည်။

   Webradio