• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မိမိ၏အကြီးဆုံးဆန္ဒမှာ မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ခြင်းပင်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

(GMT+08:00) 2016-08-20 17:19:39

      မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့၁၉ရက်နေ့က တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မိမိ၏အကြီးဆုံးဆန္ဒမှာ မြန်မာပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို အကောင်အထည်ဖေါ်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆင်ဟွာ သတင်းအရသိရသည်။

ယင်းသည် ဒေါ်အောင်ဆန်းစုကြည်က ခရီးလှည့်လည်ချိန်အတွင်း ပထမဆုံးအကြိမ် အဖြစ် မီဒီယာနှင့် တွေ့ဆုံခြင်းဖြစ်သည်။ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ရက်နေ့က ပီကင်းမြို့သို့ ရောက်ရှိပြီး ၅ ရက်ကြာတရုတ်ခရီးစဉ်စတင်ခဲ့သည်။ တရုတ်နိုင်ငံသည်လည်း ဒေါ်အောင်ဆန်းစုကြည် ယခုနှစ်ဧပြီလက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ကို ထမ်းဆောင်ပြီးနောက် ခရီးလှည့်လည်သော အာဆီယံအပြင် ပထမဆုံးနိုင်ငံဖြစ်သည်။

 ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး အကောင်အထည်ဖေါ် ခြင်းသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည်။ ငြိမ်းချမ်းရေးမရှိလျှင် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဇန်နဝါရီလက လွတ်လပ်ရေးရရှိပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အကြီးအငယ် ၃၀၊ ၄၀ အမြဲတည်ရှိသည်။ ၂၀၁၃ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ၉ ကြိမ်ကျင်းပခဲ့ပြီး လက်ရှိအချိန်တွင် အဖွဲ့ ၈ ဖွဲ့နှင့် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောစာချုပ်ကို ချုပ်ဆိုပြီဖြစ်သည်။

ယခုနှစ်ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံအစိုးရသည် အမျိုးသားကျေအေးရေးနှင့် ငြိမ်းချမ်းရေးစင်တာကို တရားဝင်တည်ထောင်ခဲ့သည်။ ယခုလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ ဘက်အသီးသီးတို့သည် ပိုမိုများပြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်ထဲတွင် ပါဝင်ရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပမည်ဖြစ်သည်။

 မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာပြည်သူများကိုယ်တိုင်၏ကိစ္စဖြစ် သော်လည်း တရုတ်နိုင်ငံသည် မိမိတို့၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖေါ်ခြင်းအပေါ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြောင်း၊ တရုတ်နိုင်ငံသည်လည်း ယင်းဖြစ်စဉ်ကို တွန်းအားပေးရန် အားဖြည့်ကူညီမည်ဟုယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်သော အဓိကလုပ်ငန်း ၃ ရပ်မှာ အလုပ်နေရာချထားရေး ကို ဖန်တီးပေးရေး၊ နိုင်ငံတော်စွမ်းအင်နှင့် တည်ဆောက်ရေးစီမံကိန်းကို ရေးဆွဲချမှတ်ရေး၊ ပုံစံသစ်ဖြင့် လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်းပြောကြားသည်။

ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဖခင်ကျန်ရစ်ခဲ့သော အရေးကြီးဆုံး စိတ်ဓါတ်အမွေအနှစ်မှာ ရိုးသားသော ဦးဆောင်သူကို လုပ်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးကာ ပြည်သူနှင့် ရိုးသားပွင့်လင်းစွာ ဆက်ဆံခြင်းပင် ဖြစ်ကြောင်း၊ ပြည်သူများ လှိုက်လှဲစွာ စောင့်မျှော်နေသော အမျိုးသားစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖေါ်ရမည်ဖြစ်ကြောင်း၊ ယင်းသည် ဖခင်၏ ဆန္ဒဖြစ်သကဲ့သို့ မိမိနိုင်ငံ၏လိုအပ်ချက်လည်းဖြစ်ကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့သည် ဘက်မလိုက်မူဝါဒကို အားဖြည့်စွဲကိုင်ခဲ့ပြီး ယခုအကြိမ်အစိုးရကလည်း ယင်းကဲ့သို့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံနှင့် ရိုးသားစွာ ဆက်ဆံမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနှင့် အာဆီယံ၌ တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်းပြောကြား သည်။

   Webradio