• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်စုသည် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည်သို့ ခရီးလှည့်လည်

(GMT+08:00) 2016-08-17 09:51:38

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်မည်။ ကျွမ်းကျင်ပညာရှင်များက၊ ဒေါ်အောင်ဆန်းစုကြည်၏ ယခု အကြိမ် တရုတ်ပြည်ခရီးစဉ်တွင် ချစ်ကြည်ရေး တိုးမြှင့်ရန်၊ ပြန်လည်သင့်မြတ်မှု တိုးမြှင့်ရန်နှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်တို့ကို အချက်ပြမည် ဖြစ်ကြောင်း သုံးသပ်ထားသည်။

နိုင်ငံခြားမီဒီယာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော မြန်မာ အစိုးရသည် တရုတ်ပြည်နှင့် ဝေးဝေးနေမည် ဖြစ်ပြီး အနောက်နိုင်ငံများအား ဘက်လိုက် နိုင်မည်ဟု ခန့်မှန်းသည်။ သို့သော် တရုတ်-မြန်မာ ဆက်ဆံမှုကို နားလည်သည့် ပုဂ္ဂိုလ်များက၊ တရုတ်နိုင်ငံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တလျှောက်လုံး ကောင်းမွန်စွာ ကူးလူးဖလှယ်နေပြီး မြန်မာ အစိုးရသစ်သည်လည်း တရုတ်ပြည်နှင့် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တိုးတက်ရန် ကြိုးပမ်း နေသည်ဟု ယူဆကြသည်။

လွန်ခဲ့သည့်နှစ် ဇွန်လတွင် ဒေါ်အောင်ဆန်းစုက တရုတ်ပြည်သို့ ခရီးလှည့်လည် ရာတွင်၊ မြန်မာနိုင်ငံသည် တရုတ်ပြည်နှင့် ချစ်ကြည်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု ပြောကြားသည်။ ယခုနှစ် ဇူလိုင်လက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံရာတွင်လည်း ဒေါ်အောင်တန်းစုကြည်က၊ တရုတ်နိုင်ငံသည် စိတ်ရင်း စေတနာကောင်းသော အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများသည် အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်း ဖြစ်သည်ဟု ပြောကြားသည်။

မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးရေးဆိုင်ရာ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ယခုလ ၃၁ ရက်နေ့တွင် စတင် ကျင်းပမည်။ ကျွမ်းကျင်ပညာရှင်များက၊ အမျိုးသား ပြန်လည် သင့်မြတ်မှု ဖြစ်စဉ် တွန်းအားပေးရေးသည်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်အတွင်း ဆွေးနွေးရန် အရေးကြီး အကြောင်းကိစ္စ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ကောင်းအနေနှင့် တရုတ်နိုင်ငံသည် မြန်မာ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တလျှောက်လုံးဆိုသလို အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ဟု ယူဆကြသည်။

   Webradio