• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ကာလသစ်သို့ တက်လှမ်း

(GMT+08:00) 2016-08-16 09:35:56

မြန်မာ ၂၁ ရာစု ပင်လုံ ညီလာခံ တနည်းပြောမည်ဆိုလျှင် ငြိမ်းချမ်းရေး ညီလာခံကို ယခုလ ၃၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ညီလာခံသည် မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သမိုင်း အဆင့်ကာလသစ်သို့ ဝင်ရောက်ပြီဟု ပြသကြောင်း၊ ညီလာခံ မကျင်းပမီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် ပြန်လည် သင့်မြတ်ရေးကို စောင့်မျှော်သည်ဟု ဖေါ်ပြ ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ၄င်းသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အကြိမ်ကြိမ် အမြင်ချင်း ကူးလူးဖလှယ်ပြီး ညီလာခံအတွက် ပြင်ဆင်မှုများ ပြုလုပ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုအကြိမ် ခေတ်သစ်၌ ပင်လုံညီလာခံသည် သမိုင်းကို ဆက်ခံ၊ သမိုင်းကို ဖန်တီးနိုင်ရန် မျှော်လင့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာ ရခဲ့ပြီးနောက် ဘက်စုံ သက်ညှာ ထောက်ထားရေးမူကို တလျှောက်လုံး အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ၂၁ ရာစု ပင်လယ်ညီလာခံတွင် ပါဝင်ရန် လှုံ့ဆော် တိုက်တွန်းခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လိုရန် ဆန္ဒကို ဖေါ်ပြကြသည်။ လွန်ခဲ့သည့်လ လကုန်ပိုင်းက မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့အနက် ၁၇ ဖွဲ့တို့သည် ကချင်ပြည်နယ်၌ စည်းဝေးပွဲ ကျင်းပပြီး ၂၁ ရာစု ပင်လုံ ညီလာခံ ဆွေးနွေရန် အစီအစဉ်ကို တိုင်ပင်ဆွေးနွေးကြသည်။

လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာပြည်ဘက်၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ သံတမန်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တလျှောက်လုံး အကဲခတ်နေသည်။ သံတမန် စွင်ကိုရှန်က၊ မြန်မာ၏ အိမ်နီးချင်းကောင်း အနေနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တလျှောက်လုံး အလေးထား ထောက်ခံနေကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် နိုင်ငံရေး ကိုင်တွယ် ဖြေရှင်းရေး နည်းလမ်းကို အမြန်ဆုံး ရရှိရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ ငြိမ်းချမ်းရေးကို တွန်းအားပေးသူ ဖြစ်လိုကြောင်း ပြောကြားသည်။

   Webradio