• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် စွမ်းအင်စနစ် ပြုပြင်ပြောင်းလဲမှု တွန်းအားပေး

(GMT+08:00) 2016-08-12 09:41:35

တရုတ်နိုင်ငံသည် စွမ်းအင် ဖွဲ့စည်းပုံ မဟာဗျူဟာ ပြုပြင်ပြောင်းလဲမှုကို အစွမ်းကုန် တွန်းအားပေးနေပြီး ကျောက်ဖြစ်ရုပ်ကြွင်း မဟုတ်သော စွမ်းအင်နှင့် သဘာဝဓတ်ငွေ့ အပါအဝင် သန့်စင်စွမ်းအင် အချိုးအစားကို တိုးမြှင့်သွားမည်။ ထို့ပြင် စွမ်းအင်ဆိုင်ရာ ၁၃ ခုမြောက် ငါးနှစ်စီမံကိန်းကိုလည်း ထုတ်ပြန်တော့မည်။

ဈေးနှုန်း ပြုပြင်ပြောင်းလဲခြင်းသည် စွမ်းအင် ပြုပြင်ပြောင်းလဲမှု၏ သော့ချက်ကျ ခြေလှမ်း တစ်လှမ်း ဖြစ်သည်။ ဓါတ်အား ဈေးနှုန်း ပြုပြင်ပြောင်းလဲမှုနှင့် ဈေးကွက်အရ ရောင်းဝယ်မှုစနစ် တည်ထောင်ပြီးနောက် ဓါတ်အား ဈေးနှုန်း ကျဆင်းမည် ဖြစ်ပြီး လုပ်ငန်း ကုမ္ပဏီများအတွက် လျှပ်စစ်မီတာခ များစွာ သက်သာလာစေနိုင်မည်။ သက်ဆိုင်ရာ စာရင်းအရ၊ ယခု တရုတ်ပြည် ယူနန်၊ အန်းဟွေး၊ ဟူပေ စသည့် လျှပ်စစ်ဓါတ်အား ပြုပြင်ပြောင်းလဲမှု အစောဆုံး ပြုလုပ်သည့် ပြည်နယ် ငါးခု၌ လျှပ်စစ်မီတာခ ကျဆင်းမှု စုစုပေါင်း ပမာဏမှာ ယွမ် ၅့ ၅၆ ဘီလီယံ ရှိပြီဟု သိရပါသည်။

တရုတ်ပြည် အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံတကာ စွမ်းအင် အသုံးပြုမှု တိုးတက်ခြင်း၏ အဓိက တွန်းအား ဖြစ်လာနေသည်။ တချိန်တည်းတွင် တရုတ်ပြည်၏ စွမ်းအင် ဖွံ့ဖြိုးမှုတွင် သမားရိုးကျစွမ်းအင် အလွန်အကျွံဖြစ်ခြင်း၊ လေအားစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် လျှပ်စစ်ဓါတ်အား အချိုးအစား ဖွဲ့စည်းမှု မညီမျှသေးခြင်း၊ သဘာဝ ဓါတ်ငွေ့ ဖေါ်ထုတ်ရန် လိုအပ်သေးခြင်း၊ သန့်စင်စွမ်းအင် အစားထိုး အသုံးပြုရန် တာဝန် ကြီးလေးခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသေးသည်။ ဒါကို ရည်စူးပြီး တရုတ်နိုင်ငံသည် စွမ်းအင်ဖွဲ့စည်းပုံ မဟာဗျူဟာ ပြုပြင်ပြောင်းလဲမှုကို တွန်းအား ပေးနေပြီး ကျောက်ဖြစ်ရုပ်ကြွင်း မဟုတ်သောစွမ်းအင်နှင့် သဘာဝဓါတ်ငွေ့ အပါအဝင် သန့်စင် စွမ်းအင် အချိုးအစားကို တိုးမြှင့်မည်။ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အား၊ ရေနံဓါတ်ငွေ့၊ နျူကလီးယား လျှပ်စစ်ဓါတ်အား၊ ရေအား လျှပ်စစ်ဓါတ်အားနှင့် ဆက်တိုက် အသုံးပြုနိုင်သော စွမ်းအင်များကို သိပ္ပံနည်းကျကျ ဖွံ့ဖြိုးမည်။

   Webradio