• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များဖိုရမ် ကျင်းပ

(GMT+08:00) 2016-08-09 11:07:05

၁၃ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ ဖိုရမ်ကို ၇ ရက်နေ့က အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပခဲ့သည်။ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် "အာဆီယံ အသိုက်အဝန်း၊ အခွင့်အလမ်းကို အသုံးချပြီး စည်ပင်သာယာမှုကို အတူ မျှဝေခံစားခြင်း" ဖြစ်သည်။ အာဆီယံ အဖွဲ့ အတွင်းရေးမှူးချုပ် လီလွမ်မင်၊ မလေးရှား ကုန်သွယ်မှုနှင့် စက်မှု ဝန်ကြီး မူစတာဖာ၊ အာဆီယံ ကုန်သွယ်မှု အကြံပေးကော်မတီ ဥက္ကဋ္ဌ၊ လာအို နိုင်ငံတော် စက်မှုနှင့် ကုန်သွယ်မှုအသင်း ဥက္ကဋ္ဌတို့သည် မိန့်ခွန်း ပြောကြားခဲ့ကြသည်။ အာရှ မဟာဗျူဟာနှင့် ဦးဆောင်စွမ်းအား သုတေသနဌာန ထိပ်တန်း အမှုဆောင် အရာရှိ ယန်ယွမ်ချင်၊ အာဆီယံနိုင်ငံများမှ အစိုးရ အရာရှိများ၊ လာအိုနိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ စက်မှုနှင့် မီဒီယာ လောကမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၃၀၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။

အာဆီယံ အတွင်းရေးမှူးချုပ် လီလွမ်မင်က မိန့်ခွန်းပြောကြားရာတွင်၊ အာဆီယံ ခေါင်းဆောင်များဖိုရမ်သည် အစိုးရများ၊ သုတေသနလောက၊ အများပြည်သူနှင့် ပုဂ္ဂလိက လုပ်ငန်းများအတွက် အာဆီယံ၏ အနာဂတ် ဖွံ့ဖြိုးရေးကို ဆွေးနွေးရန်အတွက် ကောင်းမွန်သာ ပ လက်ဖေါင်း ဖန်တီးပေးခြင်းကို ချီးကျူးပါကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်းသည် အာဆီယံ ဖွံ့ဖြိုးရေး ဖြစ်စဉ်၌ ကျောက်တိုင် တစ်ရပ်ပင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း အာဆီယံ၏ ဂျီဒီပီ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၅့ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဂျီဒီပီ ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၆၀၀ ရှိကာ ကမ္ဘာ့ ဆဌမ အကြီးဆုံး စီးပွါးရေး အုပ်စုနှင့် တတိယ အကြီးဆုံး ဈေးကွက် ဖြစ်လာပြီ ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် အာဆီယံ၏ ဂျီဒီပီ တိုးတက်နှုန်းမှာ ၄့ ၅ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်း ရကြောင်း ပြောကြားသည်။

   Webradio