• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မူကြမ်းကို အတည်ပြု

(GMT+08:00) 2016-08-08 10:37:11

ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မတီမှ ၇ ရက်နေ့ညက ထုတ်ပြန်သော မဲပေးပွဲ ပဏမာ မဲရေတွက်မှု ရလဒ်အရ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းနှင့် နောက်ဆက်တွဲ မေးခွန်းကို ပြည်သူ့ဆန္ဒခံယူပွဲတွင် ထောက်ခံနှုန်း ၆၁့ ၎ ရာခိုင်နှုန်းနှင့် ၅၈့ ၁ ရာခိုင်နှုန်းစီဖြင့် အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ၏ မဲပေါ်တွင် မေးခွန်း နှစ်ခု တင်ထားပြီး ယင်းတို့မှာ ၂၀၁၆ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မူကြမ်းကို သဘောတူမတူနှင့် လွှတ်တော် ရွေးကောက်ပွဲအပြီး ငါးနှစ်အတွင်း အထက်လွှတ်တော်သည် အောက်လွှတ်တော်နှင့်အတူ ဝန်ကြီးချုပ် ရာထူး ထမ်းဆောင်သူ ဆုံးဖြတ်မှုတွင် ပါဝင်ခွင့် ရှိမရှိတို့ ဖြစ်ကြောင်း၊ ဒုတိယ မေးခွန်းသည် အခြေခံဥပဒေသစ်၏ ဖြည့်စွက် ပုဒ်မ ဖြစ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ယင်းဥပဒေသစ်မူကြမ်းကို အတည်ပြုပါက ၂၀၁၄ ခုနှစ်က အာဏာသိမ်းပွဲ ဖြစ်ပွါး ခဲ့ပြီးနောက် ကျင့်သုံးသော ယာယီ နိုင်ငံတော် အခြေခံဥပဒေကို အစားထိုးမည် ဖြစ်ကြောင်း၊ စောစောတုန်းက ဘရာယွတ် အစိုးရသည် ယင်းဥပဒေအရ ၂၀၁၇ ခုနှစ်တွင် အာဏာသိမ်းမှု အပြီး ပထမအကြိမ် လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်ပြီး အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မည်ဟု ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းတွင်၊ အောက်လွှတ်တော် အမတ် အယောက် ၅၀၀ အနက် ၃၅၀ ကို ပြည်သူများ တိုက်ရိုက် ရွေးချယ်ခြင်း ဖြစ်ပြီး ၁၅၀ ကို နိုင်ငံရေးပါတီ အသီးသီးတို့ ထောက်ခံမဲ အချိုးအစားအရ ရွေးချယ်တင်မြှောက်ခြင်း ဖြစ်ကြောင်း၊ အထက်လွှတ်တော် အမတ်ကို အယောက် ၂၅၀ အထိ တိုးမည် ဖြစ်ပြီး အမတ် အားလုံးကို စစ်ဘက် ပြည်လုံးဆိုင်ရာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက ခန့်အပ်ခြင်း ဖြစ်ကြောင်း၊ အထက်လွှတ်တော်သည် အောက်လွှတ်တော်နှင့်အတူ ဝန်ကြီးချုပ် ရာထူး ထမ်းဆောင်သူကို ဆုံးဖြတ်ခွင့် ရှိပြီး အစိုးရကို ထိန်းချုပ်၊ ကြပ်မတ်နှင့် အကြံပေးခွင့် ရှိသည့်အပြင် ဥပဒေကို အတည်ပြုခွင့်နှင့် ပယ်ဖျက်ခွင့်လည်း ရှိကြောင်း သတ်မှတ် ထားသည်။

   Webradio