• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရီအို အိုလံပစ် အားကစားပွဲတော် ဖွင့်လှစ်မည်

(GMT+08:00) 2016-08-05 14:30:14

ဒေသစံတော်ချိန် သြဂုတ်လ ၅ရက်နေ့ည၊ တစ်နည်းအားဖြင့် ပြောရလျှင် တရုတ် စံတော်ချိန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ ဒေသစံတော်ချိန် ၆ရက်နေ့ နံနက်ပိုင်းတွင် ၃၁ကြိမ်မြောက် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို ဘရာဇီးနိုင်ငံ ရီအို ဒေ ဂ်ျနဲရိုတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ယင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ အတွင်း တောင်အမေ ရိကတွင် ပထမဆုံး အကြိမ် ကျင်းပမည့် ယနေ့ခေတ် အိုလံပစ် အားကစားပွဲတော် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဘရာဇီးနိုင်ငံသည် စီးပွားရေး အားနည်းခြင်း၊ နိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်မှု အပါအဝင် အခက်အခဲများ၊ အိုလံပစ် အားကစားကွင်းနှင့် အားကစားရုံ တည်ဆောက်မှုနှင့် လုံခြုံမှု ကာကွယ်ရေး ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ဘရာဇီး၏ အိုလံပစ် အားကစားပွဲတော် ချွေတာစွာ ကျင်းပရေး တွေးခေါ်နည်းသည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်နှင့် ကိုက်ညီကြောင်း လူအများက ယူဆကြသည်။

ယခုအကြိမ် အိုလံပစ် အားကစားပွဲတော်နှင့် မသန်စွမ်းသူများ အိုလံပစ် အားကစား ပွဲတော်၏ ဆောင်ပုဒ်မှာ "ကမ္ဘာသစ်တစ်ခု" ဖြစ်ကြောင်း၊ ယင်းဆောင်ပုဒ်သည် ကမ္ဘာ့ ပိုမိုကောင်းမွန်စေရေး ဟူသော အိုလံပစ်အားကစားလုပ်ငန်း၏ ရည်မှန်းချက်ကို သရုပ်ထင် စေကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဘာဟ်က ပြောကြားသည်။

ဒုက္ခသည် အားကစားမောင်မယ် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ရီအိုအိုလံပစ် အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ယင်းသည် ယခုအကြိမ် အိုလံပစ် အားကစားပွဲတော်၏ ဆန်းသစ်တီထွင်မှု ဖြစ်ကြောင်း သိရသည်။

ရီအို အိုလံပစ် အားကစားပွဲတော်သည် ပွဲစဉ်ကြီး ၂၈ခု၊ ပွဲစဉ်ငယ် ၃၀၆ခု ထားရှိ ကြောင်း၊ ယခုအကြိမ် တရုတ် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် ၇၁၁ဦးပါဝင်ပြီး လွန်ခဲ့သော အိုလံပစ် အားကစားပွဲတော်အကြိမ်များတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

   Webradio