• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သာဒ် စနစ်သည် နိုင်ငံတကာ မဟာဗျူဟာ ညီမျှမှုကို ဖျက်ဆီးမည်ဟု ရုရှား ပညာရှင် ဆို

(GMT+08:00) 2016-08-03 10:02:48

အမေရိကန်နှင့် တောင်ကိုးရီးယား တပ်ဖွဲ့တို့က တောင်ကိုးရီးယား၌ သာဒ် ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ချရန် လွန်ခဲ့သည့်လ ၈ ရက်နေ့က ကြေညာခဲ့ပြီးနောက် တရုတ်နှင့် ရုရှား အပါအဝင် နိုင်ငံများစွာတို့က ကန့်ကွက်ကြောင်း ဖေါ်ပြကြသည်။ ရုရှားပညာရှင်က၊ သာဒ် စနစ်သည် နိုင်ငံတကာ မဟာဗျူဟာ ညီမျှမှုကို ဖျက်ဆီးမည့်အပြင် တရုတ်နှင့် ရုရှားတို့၏ မဟာဗျူဟာ လုံခြုံမှုအပေါ်လည်း ခြိမ်းခြောက်မှု ဖြစ်စေမည် ဖြစ်ကြောင်း ယူဆသည်။

ရုရှား အရှေ့ဖျားရေးရာဌာနမှ ကာမင်နော့ဗှ်သည် အရှေ့မြောက်အာရှ ရေးရာဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်သည်။ ၄င်းက၊ အမေရိကန်သည် တောင်ကိုးရီးယား၌ သာဒ် စနစ် ဖြန့်ချခြင်းသည် မြောက်ကိုးရီးယား နျူကလီးယား ခြိမ်းခြောက်မှု ကိုသာ ရည်စူးသည် မဟုတ်ကြောင်း၊ သာဒ် စနစ် လွှမ်းမိုးမှု အကျယ်အဝန်းမှာ ကီလိုမီတာ ၉၀၀ ကျော်ပြီး လေထုလွှာအပြင်မှ ဒုံးကျည်ကိုတောင် တားဆီးနိုင်မည် ဖြစ်ကာ နည်းပညာ ဂိန်းဂဏန်းမှာ ကိုးရီးယားကျွန်းဆွယ် ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်ကို များစွာ ကျော်လွန်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် မြောက်ကိုးရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုကို ကာကွယ်ရန် အမေရိကန်၏ ဆိုခြင်းသည် အကြောင်းပြချက်သာ ဖြစ်ပြီး အဓိကအားဖြင့် တရုတ်နှင့် ရုရှားကို ရည်စူးခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

ယခုနှစ်များအတွင်း အမေရိကန်သည် တလျှောက်လုံး ဆိုသလို တစ်ကမ္ဘာလုံး၌ ဒုံးကျည်ကာကွယ်ရေး မဟာဗျူဟာကို တွန်းအားပေး ဖေါ်ဆောင်နေသည်။ ရုရှားနိုင်ငံ မြောက်ကိုးရီးယားနှင့် မွန်ဂိုးလီးယား ရေးရာ ပညာရှင် ဗော်ရွန်စော်ဖှ်က၊ အမေရိကန်သည် အရှေ့ဥရောပနှင့် အရှေ့မြောက်အာရှ၌ ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်သည့် ရည်ရွယ်ချက်မှာ ရုရှားနှင့် တရုတ်ပြည်အား ချုပ်ခြယ်ကန့်သတ်ရန်နှင့် ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးရန် ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံတကာ မဟာဗျူဟာ ညီမျှမှုကို ဖျက်ဆီးမည် ဖြစ်ပြီး ရုရှားနိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားသည်။

   Webradio