• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာအစိုးရသစ် စီးပွါးရေး မူဝါဒသစ် ၁၂ ရပ် ထုတ်ပြန်

(GMT+08:00) 2016-08-02 10:03:51

မြန်မာအစိုးရသစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် လေးလကြာအချိန် ၂၉ ရက်နေ့တွင် စီးပွါးရေး မူဝါဒ ၁၂ ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ အဓိကရည်မှန်းချက်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းကို အားပေးထောက်ခံဖို့ လူ့ကို အရင်းခံအဖြစ် ထားသည့် ဆက်တိုက် ဖွံ့ဖြိုးရေး အကောင်အထည်ဖေါ်ရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အချင်းချင်း သယံဇာတ အရင်းအမြစ် အသုံးချမှု ညီမျှစေရန် ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းမူဝါဒများတွင် အားကောင်းသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲရေးစနစ် ကျင့်သုံးခြင်း၊ နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများ ပုဂ္ဂိုလိကပိုင် ဖြစ်စေခြင်း၊ အလယ်စားနှင့် အသေးစား လုပ်ငန်းများအား ထောက်ပံ့ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်မှု တွန်းအားပေးခြင်းနှင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်မှု ဖွံ့ဖြိုးခြင်း စသဖြင့် ပါဝင်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၉ ရက်နေ့က မူဝါဒ ထုတ်ပြန်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံ အပါအဝင် အရေးကြီးနယ်ပယ်များမှ အသေးစိတ် ဆောက်ရွက်မှုနည်းလမ်းများကို အမြန်ဆုံး ထုတ်ပြန်မည်ဟု ပြောကြားသည်။

မြန်မာ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့်က၊ ပို့ကုန်ပမာဏ တိုးမြှင့်ရန်နှင့် ကုန်ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရန်တို့သည် မျက်မှောက် စီးပွါးရေး ပြဿနာ ဖြေရှင်းဖို့ အကောင်းဆုံးသော နည်းလမ်း ဖြစ်ကြောင်း ပြောကြားသည်။ လွှတ်တော် အမတ် အချို့က၊ မြန်မာနိုင်ငံသည် အကောက်ခွန်းစနစ် အကျိုးသက်ရောက်မှု ပိုမို ရှိစေဖို့ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ယူဆသည်။

မြန်မာ စီးပွါးရေးပညာရှင် ဦးအောင်ကိုကိုက၊ ငွေကြေးဖေါင်းပွမှု ဖြစ်သည့် ကြာရှည် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်း သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်မှ ယခုနှစ် မေလက ထုတ်ပြန်သော မြန်မာ စီးပွါးရေး အကဲခတ် အစီရင်ခံစာတွင်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွါးရေး တိုးတက်နှုန်းမှာ ၇ ရာခိုင်နှုန်း ဖြစ်ပြီး လွန်ခဲ့သည့် ဘဏ္ဍာရေးနှစ်ထက် နိမ့်ကြောင်း ရေးသားထားသည်။

ကမ္ဘာ့ဘဏ် မြန်မာရေးရာ တာဝန်ခံ စိုက်ဂ်က၊ မြန်မာ စီးပွါးရေး တိုးတက်မှု အလားအလာမှာ မြန်မာအစိုးရက ဖွဲ့စည်းမှု ပြုပြင်ပြောင်းလဲရေးနှင့် မက္ကရို စီးပွါးရေး တည်ငြိမ်မှုကို ဆက်တိုက် အလေးထားခြင်း ပြုမပြုအပေါ် မူတည်မည် ဖြစ်ကြောင်း ယူဆသည်။

   Webradio