• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးမှု မဟာဗျူဟာ ထုတ်ပြန်

(GMT+08:00) 2016-07-29 09:30:07

ယခုလ ၂၇ ရက်နေ့က တရုတ်အစိုးရသည် နိုင်ငံတော် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးမှု မဟာဗျူဟာ လုပ်ငန်းစဉ်ကို ထုတ်ပြန်ခဲ့သည်။

တရုတ် နိုင်ငံတော် အင်တာနက် သတင်းအချက်အလက်ရုံး ဒုဥက္ကဋ္ဌ ကျွမ်းရုံဝင်က၊ တရုတ်ပြည် သတင်းအချက်အလက်နည်းပညာနှင့် အင်တာနက် ဖွံ့ဖြိုးမှု နယ်ပယ်တွင် ကမ္ဘာကြီး အာရုံစိုက်လောက်အောင် တိုးတက်အောင်မြင်မှုများကို ရရှိပြီ ဖြစ်ပြီး အင်တာနက် အသုံးပြုရေးနယ်ပယ်၌လည်း ကမ္ဘာ့ ရှေ့ပြေးနေရာ၌ တည်ရှိပြီ ဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံသည် အင်တာနက် အင်အားတောင့်တင်းနိုင်ငံ မဟုတ်သေးကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ရောက်သည့်အခါ အမြုတေ သော့ချက်ကျ နည်းပညာကို သူများ လက်ဝယ်၌ ချုပ်ခြယ်ကန့်သတ် ခံရသည့် အခြေအနေကို အရင်းအမြစ်မှနေ ပြုပြင်ရန် စီစဉ်ထားကြောင်း ပြောကြားသည်။

ကမ္ဘာ့ ရှေ့ပြေး အင်တာနက် ကုမ္ပဏီ ၃၀ အနက် တရုတ်ကုမ္ပဏီမှာ ၁၀ ခု ပါဝင်သည်။ မစ္စတာ ကျွမ်းရုံဝင်က၊ ၂၀၁၅ ခုနှစ်က တရုတ်ပြည် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကုန်ထုတ်လုပ်မှု အတိုင်းအတာမှာ ယွမ်ငွေ ဘီလီယံ ၁ သောင်း ၁၁၀၀ ရှိပြီ ဖြစ်ပြီး ကမ္ဘာ့ ပထမနေရာသို့ တက်သွားကာ ပြီးပြည့်စုံသော သတင်းအချက်အလက် နည်းပညာ စနစ် ဖြစ်တည်လာပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်တွင် အင်တာနက် သုံးသူ ဦးရေမှာ သန်း ၇၀၀ အထိ ရှိပြီး ယင်းဂဏန်းသည်လည်း ကမ္ဘာ့ ပထမပင် ဖြစ်ကြောင်း ပြောကြားသည်။

အင်တာနက်သည် ကမ္ဘာကြီးကို ကမ္ဘာလုံးရွာ ဖြစ်လာစေသည်။ တချိန်တည်းတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် အင်တာနက် မဟာဗျူဟာ ဖြန့်ကြက်မှုများကိုလည်း အရှိန်အဟုန် လုပ်ဆောင်နေကြသည်။ မစ္စတာ ကွမ်ရုံဝင်က၊ အင်တာနက် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး၊ အင်တာနက် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးနှင့် အင်တာနက် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နယ်ပယ်များ၌ နိုင်ငံတကာ မိသားစုကြီး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် နိုင်ငံတကာ သတင်းအချက်အလက်နည်းပညာ တော်လှန်ရေးဆိုင်ရာ အခွင့်အခမ်းနှင့် အောင်ကျိုးရလဒ်များကို အတူမျှဝေခံစားကြရန် ပန်ကြားသည်။

   Webradio