• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွါးရေး၏ အရေးကြီး တွန်းအား ဖြစ်သည်

(GMT+08:00) 2016-07-28 10:49:04

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် စီးပွါးရေးမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၇ ရာခိုင်နှုန်း တိုးလာသည်။ တချိန်တည်းတွင် တရုတ်နိုင်ငံသည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို အားဖြည့်ဆောင်ရွက်နေသည်။ ကျွမ်းကျင်ပညာရှင်များက၊ နိုင်ငံတကာ စီးပွါးရေး ဝယ်လိုအား အားနည်း နေသည့် အခြေအနေ မျိုးတွင် တရုတ်ပြည် စီးပွါးရေး တိုးတက်နှုန်း အသင့်အတင့် လျော့နည်း လာသော်လည်း တိုးတက်ရန် အရှိန်ကောင်း ပြောင်းလဲခြင်း မရှိသဖြင့် တရုတ်ပြည် စီးပွါးရေးသည် ကမ္ဘာ့စီးပွါးရေး၏ အရေးကြီး တွန်းအား ဖြစ်မြဲ ဖြစ်နေသေးသည်ဟု ယူဆ ကြကြောင်း တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသားထားသည်။

ယခုနှစ်နှင့် လာမည့်နှစ်တွင် ကမ္ဘာ့စီးပွါးရေး တိုးတက်နှုန်းမှာ ၃့ ၁ ရာခိုင်နှုန်းနှင့် ၃့ ၎ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ရန်ပုံငွေအဖွဲ့က မကြာမီက ခန့်မှန်းထားသည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ယခုနှစ် အမေရိကန်၊ ဂျပန်နှင့် ဥရောပတို့၏ စီးပွါးရေး တိုးတက်နှုန်းမှာ ၁့ ၉ ရာခိုင်နှုန်း၊ ၀့ ၅ ရာခိုင်နှုန်းနှင့် ၁့ ၆ ရာခိုင်နှုန်းသာ ရှိပြီး ယခုနှစ် နှစ်ဦးပိုင်းက ခန့်မှန်းချက်ထက် နည်းသည်ဟု သိရပါသည်။ ထွန်းသစ်စ စီးပွါးရေး အုပ်စုများ အနက် တရုတ်နှင့် အိန္ဒိယတို့ နှိုင်းယှဉ်ကြည့်လျှင် အသင့်အတင့် မြင့်မားသော တိုးတက်နှုန်းကို ထိန်းသိမ်းထားနိုင်မည် လွဲ၍ ရုရှားနှင့် ဘရာဇီးတို့၏ ယခုနှစ် စီးပွါးရေး ပမာဏမှာ ၁့  ၂ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်း အသီးသီး ကျဉ်းကျုံ့သွားမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ သုတေသနဌာန ဒုဥက္ကဋ္ဌ ဖေရေတီက၊ တရုတ်နိုင်ငံသည် လုပ်ငန်း နယ်ပယ်များစွာမှ ကုန်ထုတ်စွမ်းအား လွန်ကဲမှု ပြဿနာနှင့် ရင်ဆိုင်နေရသဖြင့် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး အရင်းအမြစ်ကို ပြန်လည် စီမံခွဲဝေရန် လိုအပ်ကြောင်း၊ ယင်း တာဝန်ကို ပြီးမြောင်အောင် ဆောင်ရွက်လိုလျှင် စီးပွါးရေး တိုးတက်နှုန်းကို မလွဲမသွေ အသင့်အတင့် လျော့နည်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွါးရေး တိုးတက်မှုကို တွန်းအားပေးရေးဆိုင်ရာ သော့ချက်ကျအင်အား ဖြစ်မြဲ ဖြစ်နေသေးကြောင်း သုံးသပ်ထားသည်။

   Webradio