• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ရုပ်သိမ်း

(GMT+08:00) 2016-07-27 09:15:18

အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ၂၆ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့တော်၌ ရုပ်သိမ်းခဲ့သည်။ ယခုအကြိမ် အစည်းအဝေးတွင် ၄၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ၁၀+၁ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ၁၀+၃ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ ဒေသဖိုရမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတို့ ပါဝင်သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ဘက်စုံ ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရေး တရုတ်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ၂၆ ရက်နေ့တွင် သတင်းထောက်နှင့် တွေ့ဆုံရာတွင်၊ တောင်ပင်လယ်ပြဿနာကို နှစ်ဖက် တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်ရောက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက၊ တောင်ပင်လယ်ပြဿနာသည် တရုတ်နှင့် အာဆီယံ အထွေထွေဆက်ဆံမှုကို ထိခိုက်သောပြဿနာ မဖြစ်သင့်ကြောင်း ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီက ဝမ်ယိနှင့် တွေ့ဆုံရာတွင်၊ တရုတ်နှင့် အာဆီယံတို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းကို ကြိုဆိုကြောင်း၊ အမေရိကန်သည် တောင်ပင်လယ် အနုညာတစီရင်မှု ရလဒ် အပေါ် ရပ်တည်ချက် မထားကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့ နှစ်ဖက်ချင်း ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်ရန် ထောက်ခံကြောင်း ပြောကြားသည်။

   Webradio