• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

(GMT+08:00) 2016-07-25 08:57:21

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၄ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့၌ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝမ်ယိသည်  တရုတ်ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ခွန်းဆက်သကြောင်းကို တဆင့် ပြောပြသည်။ ဝမ်ယိက၊ တရုတ်-မြန်မာ နှစ်နိုင်ငံတို့ အကြား သမိုင်းကြာရှည်သော ပေါက်ဖေါ် ချစ်ကြည်ရေး ရှိပြီး တလျှောက်လုံး အပြန်အလှန် နားလည်၊ အပြန်အလှန် လေးစား၊ အပြန်အလှန် ထောက်ခံ၊ အပြန်အလှန် ကူညီကြကြောင်း၊ မြန်မာအစိုးရသစ် တည်ထောင်ခဲ့သည့်နောက်ပိုင်း ရက် တစ်ရာ နိုင်ငံရေး စီမံအုပ်ချုပ်မှုကို စနစ်တကျ ဖေါ်ဆောင်ပြီး ကောင်းမွန်သော ဖွံ့ဖြိုးရေး အရှိန်ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ထူထောင်ရေးနယ်ပယ်၌ တိုးတက် အောင်မြင်မှုများကို အဆက်မပြတ် ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းဖြစ်စဉ်၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အတော်ဆုံးနှင့် အအားထားရဆုံးသော ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဖြစ်လိုကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံနှင့် အဆင့်မြင့် ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး နယ်ပယ်အသီးသီး၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ မြန်မာ ပြည်သူပြည်သားများ၏ နေထိုင်မှုဘဝ တိုးတက် ကောင်းမွန်းရေးကို ထောက်ခံလိုပါကြောင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်၌ ကူးလူးဖလှယ်မှုကို အားဖြည့်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး၏ အရပ်ဘက်ဆန္ဒ အခြေခံ ပိုမို ခိုင်မာအောင် ဆောင်ရွက်ကာ ခေတ်သစ်၌ တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် စွမ်းအား အသစ် တိုးဖြည့်လိုပါကြောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ခေါင်းဆောင်များအား နှုတ်ခွန်းဆက်သ ကြောင်းကို တဆင့် ပြောပြပါရန် ဖေါ်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာနိုင်ငံအဖို့ တရုတ်နိုင်ငံသည် စိတ်ရင်းစေတနာရှိသည့် အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများသည် အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်း ဖြစ်ကြောင်း၊ မြန်မာ-တရုတ် ဆက်ဆံမှု၏ အရပ်ဘက်ဆန္ဒ အခြေခံ နက်ရှိုင်းပါကြောင်း၊ တရုတ်ပြည်က မြန်မာ စီးပွါးရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ထောက်ပံ့ကူညီမှုများကို မြန်မာနိုင်ငံက ချီးကျူးပါကြောင်း၊ ခုလို မြန်မာ နိုင်ငံ ဖွံ့ဖြိုး ထူထောင်ရေး၏ အရေးကြီး အခါသမယ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း အဖြစ် မြန်မာနိုင်ငံအား ဆက်လက် ထောက်ခံရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် လက်တွဲ ကြိုးပမ်းကာ တက်ကြွပြီး အားကောင်းသော ဆက်ဆံမှုကို ဆက်လက် ထူထောင်ရန် မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အစဉ်အလာနှင့် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုကို သားစဉ်မြေးဆက် ဆက်ခံသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

   Webradio