• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်ချက် အခြေခံသော ခံယူချက်နှင့် ဆောင်ရွက်မှု မှန်သမျှ တရုတ် လက်ခံမည် မဟုတ်

(GMT+08:00) 2016-07-22 14:44:17

၁၂ရက်နေ့က နယ်သာလန်နိုင်ငံဟိတ်ရှိ ယာယီ ခုံသမာဓိရုံးသည် တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု ဆိုင်ရာ နောက်ဆုံး စီရင်ဆုံးဖြတ်ချက်ဟူ၍ကို ပြုလုပ်ခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် ၄င်းစီရင်ဆုံးဖြတ်ချက် အပေါ် တုန်လှုပ်မိကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန နယ်စပ်နှင့် အဏ္ဏဝါရေးရာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ရှောင်ကျန့်ကိုက ၂၁ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည် အနေနှင့် တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်ချက် အခြေခံသော ခံယူချက်နှင့် ဆောင်ရွက်မှု မှန်သမျှကို လက်ခံမည် မဟုတ်ကြောင်း ပြောကြားသည်။

တောင်ပင်လယ် အနုညာတ စီရင်ဆုံးဖြတ်မှု ဆိုင်ရာ ဥပဒေ ပညာရှင်များ နှီးနှော ဖလှယ်ပွဲကို ၂၁ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ ဒုညွှန်ချုပ် ရှောင်ကျန့်ကိုက တရားဥပဒေ ရှုထောင့်မှ ကြည့်လျှင် ဖိလစ်ပိုင်မှ အနုညာတ စီရင်ဆုံးဖြတ်မှု တစ်ဖက်သတ် တင်ပြခြင်းသည် တရားမဝင်ကြောင်း၊ ခုံသမာဓိရုံး၏ အုပ်ချုပ်ပိုင်ခွင့် ကျင့်သုံးဆောင်ရွက် ခြင်းသည် တရားမဝင်ကြောင်း၊ ပြုလုပ်ခဲ့သော စီရင်ဆုံးဖြတ်ချက်သည်လည်း တရားမဝင်ကြောင်း၊ နိုင်ငံတကာ နိုင်ငံရေး ရှုထောင့်မှ ကြည့်လျှင် ၄င်းစီရင်ဆုံးဖြတ်ချက် သည် ဥပဒေဆိုင်ရာ အကြောင်းပြချက်နှင့် နိုင်ငံရေး ကြံဖန်လီဆယ်မှု ဖြစ်ကြောင်း၊ အကယ်၍ ခုံသမာဓိရုံးသည် အနောက်နိုင်ငံများ၏ တရုတ် ဆန့်ကျင်ရေး နည်းလမ်း ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြား သည်။

ထို့အပြင်၊ ၄င်းက ယင်းစီရင်ဆုံးဖြတ်ချက် တရားလည်း မဝင်၊ အတည်လည်း မဖြစ်သောကြောင့် တရုတ်ပြည် အနေနှင့် အလျဉ်း လက်ခံမည် မဟုတ်၊ ကျင့်သုံးမည် မဟုတ်၊ ၄င်းစီရင်ဆုံးဖြတ်ချက် အခြေခံသော ခံယူချက်နှင့် ဆောင်ရွက်မှု မှန်သမျှကို လက်ခံမည်လည်း မဟုတ်ကြောင်း၊ တရုတ် အစိုးရသည် ၄င်းသဘောထား ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ဖူးကြောင်း ပြောကြားသည်။

 

   Webradio